ပါတီ မှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲကိစ္စ စဉ်းစားဆုံးဖြတ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံရေးပါတီများမှတ်ပုံတင်ရေး ပြင်ဆင်ချက် တရားဝင်ထွက်ပေါ်လာမှ ရွေးကောက်ပွဲဝင်မဝင် NLDပါတီ စဉ်းစားဆုံးဖြတ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

2011.11.03
dassk_release_greeting_305_z ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် စောင့်မျှော်ကြိုဆိုနေသူများကို နေအိမ်ခြံတံခါးမှ နှုတ်ဆက်နေစဉ်။ (Photo: AFP)
(Photo: AFP)

ပါတီ မှတ်ပုံပြန်တင်တော့မယ်ဆိုတဲ့ ဆွေးနွေးသံတွေ ကျယ်လောင်နေချိန်မှာပဲ အာအက်ဖ်အေက ပုံမှန်ထုတ်လွှင့်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ သောတရှင် တစ်ဦးရဲ့အမေးကို အခုလို ဖြေကြားလိုက်တာပါ။

ဒါ့အပြင် အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးတာကို ငှက်တစ်ကောင် ခြေထောက်ကြိုးတုပ်ပြီး လွှတ်ပေးထားတဲ့ သဘောပဲလို့ အမြင်ရှိတဲ့ သောတရှင်တစ်ဦးရဲ့မေးခွန်းနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“နိုင်ငံရေး စလုပ်ကတည်းက ကိုယ့်လမ်းကိုယ်ရွေးပြီး လျှောက်လှမ်းခဲ့တဲသူမို့ အကျယ်ချုပ်ခံရတဲ့ဘဝမှာတောင်မှ အချည်အနှောင်ခံနေရတယ်လို့ မခံစားခဲ့ရပါဘူး”

အပြည့်အစုံကို မနက်ဖြန်ည ထုတ်လွှင့်မယ့် လူထုနဲ့ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ စောင့်မျှော် နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-03 04:49

Be vigilant aunty, there is not yet any specific changed. They just want the sanction to be lifted from US and EU for their own profit as they used to. If NLD wants the support trust from the public as usual the decision making need to be conscientiously done. It would be better if you take the time for solving problems as such political prisoners,non-stop fighting over minorities ethnic people, breaking the dignity&human rights.

Anonymous
2011-11-03 08:26

သာမာန်ပြည်သူတယေက်ပါ။တိုင်းပြည်အခြေအနေဆိုးနြေ့ပီးအပြောင်းအလဲတခုလုပ်ရန်လိုနေတာကိုသဘောပေါက်ပါတယ်။ဒါပေမဲ့လက်ရှိအခင်းအကျင်အတိုင်းဆိုရင် NLD လွှတ်တော်ထဲရောက်လဲ ဒီပုတ်ထဲကဒီပဲ ဆိုတာမျိုး ဘာမှဟုတ်ဟုတ်ငြားငြားလုပ်နှိုင်စရာမရှိလို့၊ ကောင်းကျိုးထက်ဆိုးကျိုးကပိုပါလိမ့်မည်။ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့်အလောသုံဆယ်မဆုံးဖြတ်ပဲလူထုအကြားမှာအဆိုးအကောင်းခြေအတင်ဆွေးနွေးတဲ့ လူထုနှိုင်ငံရေးတခုပြုလုပ်ပြီးမှဆုံးဖြတ်သင့်တယ်လို့မြင်ပါတယ်။။