မိမိအရေးထက် တိုင်းပြည်အရေး ကို ဦးတည်ဖို့ ဒေါ်အောင်ဆန်း စုကြည်ပြော


2013.07.08
dassk-parliment-305 မေလ ၂၀ ရက်နေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်လာစဉ်
Photo: RFA/ Win Naung Toe

ဒီမိုကရေစီယဉ်ကျေးမှုဆိုတာဟာ  ပြဿနာတွေကို အပေးအယူ၊ အလျှော့အတင်းနဲ့ ညှိနှိုင်းဆွေးနွေး တိုင်ပင်ပြီး  ဖြေရှင်းကြဖို့ လိုအပ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

တောင်တွင်းကြီးမြို့နယ်က  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၉ဝ ကျော်က ဒီကနေ့  ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို သွားရောက်လေ့လာ ခဲ့စဉ်မှာ   ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့ တာပါ။

"ဒီမိုကရေစီယဉ်ကျေးမှုမှာ အပေးအယူ၊ အလျှော့ အတင်း လုပ်တတ်ဖို့လိုတယ်၊ ဒီမိုကရေစီဆိုတာ စကားပြောညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီး ပြဿနာတွေ ကို ဖြေရှင်းတဲ့အလေ့အကျင့်လိုတယ်၊ အလုပ်လုပ်ကြပါ အလုပ်ဆိုတာ စိတ်ပါမှထလုပ်ရတာ မဟုတ်သလို လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်င်သည်ဖြစ်စေ ပင်ပန်းတဲ့အခါ မလုပ်ချင်လဲ စိတ်မပါတဲ့အခါလဲလုပ်ဖို့ လိုတယ်၊ အလုပ်ဆိုတာ ကိုယ်စိတ်ပါမှ ကိုယ့်အတွက် အဆင်ပြေမှ ထလုပ်ရတာမဟုတ်ဘူး၊ အဖွဲ့ချုပ်အလုပ်လုပ်တယ်ဆိုတာ ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်ထက် ပိုအရေးကြီးတယ်၊ ယုံကြည်ချက်ကို အခြေခံတဲ့အလုပ် တိုင်းပြည်ရဲ့ အနာဂတ်ကို ဦးတည်တဲ့အလုပ်ဖြစ်လို့ လေးလေး နက်နက်ထားပြီး လုပ်ကြဖို့လိုတယ်"

ဒါ့အပြင် ပါတီဝင်တွေဟာ မိမိတို့အရေးထက် တိုင်းပြည်အနာဂတ်ကို ဦးတည်ထားရမယ်လို့လည်း  ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေဟာ အရင်ကလည်း လွှတ်တော်ကို သွားရောက်လေ့လာမှုတွေရှိသလို ကျောင်းသူ ကျောင်းသားတွေလည်း မကြာခဏ လွှတ်တော်ကို သွားရောက်လေ့လာတာတွေရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။