ငြိမ်းချမ်းရေး မအောင်မြင်ရင် တိုင်းပြည် ထိခိုက်နစ်နာမည်

2016-08-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST တို့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ သြဂုတ်လ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးနေစဉ်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST တို့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ သြဂုတ်လ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးနေစဉ်
Photo: Myo Thant Khaing/ RFA

ငြိမ်းချမ်းရေးညီလာခံ မအောင်မြင်ရင် ငြိမ်းချမ်းရေးရဖို့ နောင်ဘယ်လောက်ထိ စောင့်ရမလဲ မပြောနိုင်သ လို စောင့်နေတဲ့ကာလမှာ တိုင်းပြည်မှာ ဘယ်လောက် ထိခိုက်နစ်နာမှုတွေ ရှိနိုင်မလဲဆိုတာ စဉ်းစားစေ ချင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPSTနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင် ဆန်းစုကြည် ကလာမယ့်ငြိမ်းချမ်းရေးဆွေးနွေး ပွဲ အရေးကြီးတဲ့ အကြောင်း ပြောလိုက်တာဖြစ်ပါတယ်။

"လူတစ်ယောက်ရဲ့ ဘ၀မှာ အခွင့်အလမ်းဆိုတာ နှစ်ခါပြန်မလာနိုင်ပါဘူး၊ အခွင့်အရေးတစ်ခါ လွတ်သွား ရင် ပြန်လာနိုင်ပေမယ့် အဲ့ဒီကြားထဲမှာ အဟောသိကံ ဖြစ်သွားနိုင်တယ်၊ အဟောသိကံ မဖြစ်သွားစေချင်ဘူး။ ကျွန်မတို့ရဲ့ အချိန်တွေ ပြည်သူလူထုနဲ့ ငြိမ်းချမ်းရေးမှာ ပါနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းတွေ အချိန်တွေ အလကား အဟောသိကံဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဒီတစ်ခါ အောင်မြင်အောင် လုပ်ချင် တယ် အောင်မြင်အောင် လုပ်နိုင်ရင် ကျမတို့နိုင်ငံအတွက် အများကြီး အကျိုးရှိနိုင်တယ် ဒီတစ်ခါ မအောင်မြင် ရင် နောင်ဘယ်လောက်ထိ စောင့်ရမလဲ၊ စောင့်နေတဲ့ အချိန်အတွင်းမှာ ကျမတို့နိုင်ငံ ဘယ်လောက်ထိခိုက် နစ်နာမလဲဆိုတာ စဉ်းစားစေချင်တယ်၊ ဘယ်သူ့ကိုမှ အပြစ်ဆိုချင်လို့မဟုတ်ဘူး၊ ကျမတို့ နိုင်ငံဟာ ဒေသတွင်းနိုင် ငံတွေထဲမှာ နောက်ကျကျန်ခဲ့ပြီ ကျမတို့ ဆုံးရှုံးသွားတဲ့အချိန်တွေ ဒီနိုင်ငံကို တိုးတက်အောင် တည်ငြိမ်အောင် ဖွံ့ဖြိုးအောင် လုပ်နိုင်တဲ့ အခွင့်အရေး ကျမတို့ ဘယ်လောက်တောင် ဆုံးရှုံးသွားပြီလဲ အဲဒီလို ဖံွ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းတွေ ဘယ်လောက်ဆုံးရှုံးသွားပြီလဲ ဒါအင်မတန်နှမြောဖို့ ကောင်း တယ်။ နောက်တစ်ခါ ထပ်ပြီး အဲ့ဒီလိုဆုံးရှုံးခြင်းမျိုး မဖြစ်စေချင်ဘူး။ အခုဆွေးနွေးပွဲကို ရောက်လာသူတွေအား လုံး ဒီတစ်ခါ ညီလာခံစလိုက်ပြီဆိုရင် ဒီနိုင်ငံမှာ မလိုအပ်ဘဲ နိုင်ငံ သူနိုင်ငံသားတွေအတွက် ဘယ်တော့မှဆုံး ရှုံးခြင်းတွေ မရှိအောင် ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်"

၂၁ရာစု ပင်လုံညီလာခံဟာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့၊ အပြန်အလှန် နားလည်မှုရှိဖို့ ဆွေးနွေးကြ မှာဖြစ်ပြီး ယုံကြည်မှုမရှိရင် စာချုပ်တွေမှာ လက်မှတ်ထိုးထားပေမယ့် အဟောသိကံ ဖြစ်သွားနိုင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ယုံကြည်မှုရှိဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းတဲ့ဆက်ဆံရေးရှိဖို့ လိုအပ်ကြောင်းနဲ့ တစ်ဖက်သား နားလည်အောင် အကျိုးရှိပြီး မှန်ကန်တဲ့ တစ်ဖက်သားခံသာတဲ့ စကားတွေကို ပြောဆိုဖို့လိုအပ် မှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

တွေ့ဆုံပွဲတက်ရောက်လာသူတွေကို အခုချိန်ထိ မြန်မာနိုင်ငံမှာ ဘာကြောင့် ထာဝရငြိမ်းချမ်းရေး မတည်ဆောက်နိုင် တာလဲဆိုတာကို စဉ်းစားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက NCA လက်မှတ်မရေးထိုး ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေး ထားတဲ့ အခြေအနေတွေ၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ၂၁ ရာစု ပင်လုံ ဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။

အစည်းအဝေးကို KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောမူတူးစေးဖိုး၊ PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်း၊ CNF ချင်းအမျိုးသားတပ်ဦး ဒုတိယ ဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း နဲ့ ABSDF၊ ALP၊ RCSS၊ DKBA၊ KNU/KNLA-PC တို့က ကိုယ်စားလှယ်တွေ နဲ့ UPDJC အဖွဲ့ဝင်တွေ စုစုပေါင်း ၃၀ လောက် တက်ရောက်ခဲ့ ကြပါတယ်။

ကွန်မင့်များ (4)
Share

ဖက်ဒရယ်ဆိုသည်မှာ

နံမည်မှာ ဖက်ဒရယ်ပါမှ ဖက်ဒရယ်ပြည်နယ်မခေါ်ပါဖူး
အရေးကြီးတာ အနှစ်သာရပါ
တိုင်းရင်းသားလက်နက်ကိုင်စိုးမိုးနယ်မြေအပါအဝင်တိုင်းရင်းသားနယ်မြေကပြည်သူတွေကို ဖက်ဒရယ်ဆိုတာဘာလဲ
မေးကြည့်ပါ
မြို့ နံမည်လားဖြေတဲ့သူဖြေ
NGO နံမည်လားဖြေတဲ့သူဖြေ
ဘယ်လူနံမည်လေးမေးတဲ့သူကမေးစသည်ဖြင့် ပြန်ဖြေပါ
လိမ့်မယ်၊
ဒါကြောင့် သုံးသတ်ရရင်ဒီ ဦးဖက်ဒရယ် ဒေါ်ဖက်ဒရယ်ကို ရိုးသားတဲ့တိုင်းရင်းသား၉၉%ကမသိကြပါ၊တိုင်းရင်းသား
ပြည်သူတွေတကယ်သိခြင်တာ တကယ်ဖြစ်စေခြင်တာက
စစ်ပွဲတွေမရှိ အေး၂ချမ်း၂ မပူမပင်နေထိုင်ရ ပညာသင်ရ
ကျန်းမာရေးလူမူရေးစောင့်ရှောက်မူရ စတဲ့ အရာတွေပါ။

Aug 25, 2016 11:57 PM

ဗမာဘုရင်များလက်ထက်ကထဲကစခဲ့တာပါ

ဖက်ဒရယ်ဆိုတဲ့စကားလုံးက အခုမှသာ ကျယ်၂လောင်၂ပေါ်လာပီး ဖက်ဒရယ်အနှစ်သာရကို ဂဂဏဏမသိပဲ သူများ
ဖဒရယ်တိုင်းလိုက်ဖက်ဒရယ်နေသူများကများနေပါတယ်၊ တကယ်တော့ ဗမာဘုရင်တွေလက်ထက်ထဲက နံမည်သာဖက်ဒရယ်မတတ်ပေမဲ့ တိုင်းရင်းသားများကိုဘုရင်များကဖက်ဒရယ်ကိုအပြည့်အဝပေးပီးသားပါ၊ တနည်းအားဖြင့် ဗဟိုအစိုးရလို့ 
ယနေ့ ခေါ်တဲ့မင်းနေပြည်တော်ဘုရင်များကို တိုင်းပြည်အနှံ သူ့ အစုလိုက်နေထိုင်ကြတဲ့( ဥပမာ ရှမ်းစော်ဘွား) တို့ ကသူ့ အစုလိုက်စီမံခွင့်ပေးထားပီး အခွန်များကိုမင်းနေပြည်တော်ကိုဆက်သရကာယင်းအတွက်ဗဟိုအစိုးရဘုရင်များကတိုင်း
ပြည်စည်ပင်သာယာရေးနှင့် အကာအကွယ်အစောင့်အ
ရှောက်ပေးပါသည် တနည်းအားဖြင့် ပုဂံမင်းအနော်ရထာမှဘုရင့်နောင်၊အလောင်းဘုရား(ဦးအောင်ဇေယျ)မှသည် နောက်ဆုံးသီပေါထိတိုင်အောင်ပါ၊တနည်းအားဖြင့် တိုင်းရင်းသားများအားလုံးသည် ဗဟိုအစိုးရ မင်းဘုရင်များဦးဆောင်မူဖြင့်
စည်းစည်းလုံးလုံးနေခဲ့ကြပါသည်။နောက်ဆုံးလွတ်လပ်ရေး
ကြိုးပမ်းမူကိုလုပ်ဆောင်ရာတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်မူဖြင့်တိုင်းရင်းသားအားလုံးကစည်းလုံးစွာ နောက်ကလိုက်ပါခဲ့တာပါ၊ဒါကြောင့် ဖက်ဒရယ်အလေ့အကျင့်ကို
ကျင့်သုံးခဲ့သည်မှာ ဗမာဘုရင်များလက်ထက်ကထဲကဖြစ်ပီး
အဆန်းတကျယ်မဟုတ်ပါ။ ဒါကြောင့် ယခု၂၁ရာစုပင်လုံတွင်
အမေစုဦးဆောင်မူကိုယုံကြည်စွာလိုက်ပါကာ ငြိမ်းချမ်းရေးကို
တည်ဆောက်ပါ။

Aug 25, 2016 03:50 AM

အမည်မဖော်လိုသူ

to get successful result, do listen to minority voice and allow them to have their original right as Burmese majority..as simple as that...give them federal state now..you once said in 2009s, constitution can be completed in ten days..prove it now

Aug 24, 2016 11:25 PM

သဘမ

နေရပ်- ( = သဘောမှန် )

လူဦးရေ နည်းနေလို့ Minority ၊
လူဦးရေများလို့ Majority ဖြစ်နေတာပါ။
အားလုံးဟာ တမြေတည်းနေပြီး တရေတည်းသောက်နေ ကြတာပါ။
အားလုံးအခွင့်အရေးတူညီဖို့ ကြိုးစားရမှာပါ။
လူမျိုးစုအမည်သုံးပြီး ပြောနေရင် "လူမျိုးရေးဝါဒ "သာ
ဖြစ်ပြီး အမြင်ကွဲနေမှာပါပဲ။
" တအူတုံဆင်းဝါဒ " ကို ကိုင်စွဲရမှာပါ။

Aug 25, 2016 01:47 AM

ပညပ်တွေကို နားလည်ပါ အားလုံးကအတူတူပါ

သဘမ ပြောတာမှန်ပါတယ် အခုဖြစ်နေတဲ့ပြသနာက ခေတ်အဆက်ဆက်က လူမျိုးရေးအမည်တတ်မိုင်းတိုက်လုပ်နေကြလို့ မွေးလာတဲ့ကလေးတွေကလည်း ဘာမသိညာမသိနဲ့  နံ
မည်ကြားတာနဲ့ မုန်းတီးနေတာ ၊ဒါကိုထပ်လောင်းပေးတဲ့မီးစာ မိုင်းတွေက စစ်ပွဲတွေကြောင့် တောထဲတောင်ထဲသာကျင်
လည်နေရပီး ပညာမသင်နိုင်ခြင်းယင်းကြောင့်ဗဟုသုတအားနည်းမူပါ၊မြန်မာပြည်မှာလူတယောက်က ရန်ကုန်က မိဘမှာ
မွေးရင် ရန်ကုန်သားဖြစ်မှာပါ၊ကချင်ပြည်နယ် ပူတာအိုမှာမွေးရင် လီးဆူး၊ရဝမ်ဖြစ်ခြင်ဖြစ်ပါမယ်၊ အမေစုတောင် အဖေကဗမာ အမေက မွန်သွေးရခိုင်သွေးပါပါလိမ့်မယ်၊အရေးကြီးတာ
တိုင်းရင်းသားအားလုံးကဒီအစွဲတွေဖျောက်လိုက်ရင်
ဒီပညပ်ချက်တွေတွေကိုနားလည်သွားရင် ဖက်ဒရယ်အော်
နေတာတွေက ဘာမှမဟုတ်တော့ပါဖူး၊

Aug 26, 2016 03:47 AM

အဟောသိကံမဖြစ်ပါစေနှင့်

အမေစုရဲ့ ပြတ်သားရှင်းလင်းတဲ့သဘောထားအမှန်ကို
သဘောကျထောက်ခံပါသည်။ အစိုးရရော တပ်မတော်ကပါ
တိုင်ပြည်တခုလုံးငြိမ်းချမ်းသာယာဖွံဖြိုးတိုးတက်ရေးကိုဦး
တည်ပီး ယခင်အစိုးရမှ ယခုအမေစုအစိုးရ၂ဆက်တိုင်အောင်
ငြိမ်းချမ်းရေးအောင်မြင်စွာရရှိရေးကိုအားသွန်ကြိုးစားနေပါ
သည်။ ယခုအချိန်သည် သမိုင်းမှာကြီးမားသည့်အခွင့်ရေးဖြစ်
ပီးအမိအရဆုတ်ကိုင်ကျပါ။ သို့ မဟုတ်ပဲ မိမိတို့ ကိုယ်ကျိုး
commercial interest တခုပဲကြည့်ပီး မဖြစ်နိုင်သည်များကို
တောင်းဆိုပီး ငြိမ်းချမ်းရေး နိုင်ငံရေးစာပွဲဝိုင်းကိုကျောခိုင်းခဲ့ပါ
က ယင်းထွက်ခွာသူတို့ အနာဂါတ်သည် လှပလိမ့်မည်မဟုတ်
သလို ယင်းထွက်ခွါတိုင်းရင်းသားလက်နက်ကိုင်ဒေသရှိစစ်
ဒဏ်ခံပြည်သူများသည် တောထဲတောင်ထဲ ဆင်းရဲစွာနေထိုင်ရင်း စာမတတ်ပေမတတ်ဘဝများဖြင့် လူမျိုးရေးအမုန်းတရားမှိုင်းများဖြင့် ဆက်နေကြရမည့် ကံကြမာဆိုးများဖြင့်သာခံစား
ကြရပါမည်။ ဒါကြောင့် အခြေနေမှန်ကိုသုံးသတ်နိုင်ကာ ငြိမ်း
ချမ်းရေးအမွေပေးနိုင်ရေးကို အမေစုပြောသလို ကြိုးစားကြပါ။
အဟောသိကံမဖြစ်ပါစေနှင့်။

Aug 24, 2016 10:55 PM

ဆိုက်တခုလုံးသို့