အခြေခံဥပဒေမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှုမရှိနိုင်လို့ ဒေါ်စုပြော


2013.09.27
dassk-nld-25-anniversary-305.jpg ရန်ကုန်မြို့ NLD ရုံးချုပ်မှာ စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပတဲ့ NLD ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားမှာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြန်လည်ဖြေကြားနေစဉ်
photo: RFA/ Kyaw Htoon Naing

ဝဝ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင် ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် မှာ လျှောက်လှမ်းနေတယ်လို့ မဆိုနိုင်သလို၊ လာမယ့် ၁၅ ရွေးကောက်ပွဲဟာလည်း တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပတဲ့ အန်အယ်လ်ဒီ ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောနိုင်မှာမဟုတ်ဘူး၊ လွတ်လပ်ရင် လွတ်လပ်လိမ့်မယ်၊ မဲထည့်တဲ့နေ့မှာ လွတ်လွတ်လပ်လပ်မဲထည့်ရင် မဲထည့်နိုင်လိမ်မယ်၊ ဒါပေမယ့် အစကတည်းက မျှတမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲဆိုတာ ဘယ်လိုမှမျှတနိုင်မှာမဟုတ်ဘူး၊ အဲဒီမမျှတတဲ့ ရလဒ်တွေအဖြစ်နဲ့ ပြဿနာတွေ အများကြီးပေါ်လာနိုင်တယ်”

ဒါ့ပြင် အမျိုးသားရင်ကြားစေ့ရေးအတွက် တပ်မတော်နဲ့ အရပ်သား နိုင်ငံရေးအဖွဲ့အစည်းတွေအကြား ထိတွေ့ဆက်ဆံမှှုရှိဖို့ လိုအပ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံခြားသံတမန်တွေ၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေအပြင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အန်အယ်လ်ဒီ ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က ကောက်နှုတ်တင်ပြထားပါတယ်။

အန်အယ်လ်ဒီ ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့်အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေးနဲ့ နယ်မြို့တွေမှာ ကျင်းပခဲ့ကြတဲ့အကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

NLD ပါတီရဲ့ ၂၅ နှစ်တာ ဖြတ်သန်းမှုခရီးနဲ့ ပတ်သက်လို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ သတင်းစာဆရာကြီး ဟံသာတီ ဦးင်းတင်ကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။