ဘဏ်ကိစ္စ ကောလာဟလအပေါ် မစိုးရိမ်ဖို့ အတိုင်ပင်ခံ ပြော


2019.09.06
money-kyats-622.jpg မြန်မာကျပ်ငွေတချို့ကို တွေ့ရစဉ်
Photo: RFA

လတ်တလောဖြစ်ပေါ်နေတဲ့ ဘဏ်ချေးငွေကိစ္စ ကောလာဟလတွေနဲ့ပတ်သက်လို့ ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် ကိုယ်စားလှယ်တွေကတဆင့် ပြောလိုက် ပါတယ်။

မနေ့ညက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပဲခူးတိုင်းဒေသကြီးက လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ်မှာ မှာကြားလိုက်တာလို့ အုတ်တွင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို က ဆိုပါတယ်။

ဒီကနေ့ နိုင်ငံပိုင်ရုပ်မြင်သံကြားတွေကနေ ဘဏ်ကိစ္စတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ပြန်လည်ဖြေရှင်းသွားဖို့ ရှိကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြောပါတယ်။

ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေမရှိကြစေဖို့  မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာ လ ၃ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက် တစ်စောင်ထုတ်ခဲ့ပါသေးတယ်။

ဗဟိုဘဏ်အနေနဲ့ လက်ရှိဘဏ်လုပ်ငန်းရှင်တွေအကြား ညှိနှိုင်းတွေ့ဆုံနေပြီး ဘဏ်လိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်တာကြောင့် ပြည်သူူတွေအနေနဲ့ ဘဏ်လုပ်ငန်းတွေအပေါ် စိုးရိမ်တာတွေမရှိကြဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ဗဟိုဘဏ်အနေနဲ့ ဘဏ်ချေးငွေတွေကိစ္စနဲ့ပတ်သက်လို့ အခြားဘဏ်တွေနဲ့ ထပ်မညှိနှိုင်းတော့ဘူး ဆိုတဲ့စကားလုံး သုံးနှုန်းပြော ခဲ့ပါတယ်။

အဲဒီပြောကြားချက်ဟာ ဗဟိုဘဏ်ရဲ့ ရပ်တည်ချက်နဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဦးစိုးသိန်းက နုတ်ထွက်စာတင်ထားပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။