ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွယ်တာကို ကျပ် ၄၁၅သိန်းနဲ့ ရွှေ FM က ဝယ်ယူ

လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ထိုးထားတဲ့ ဆွယ်တာတစ်ထည် ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ရက်အဖွဲ့ရဲ့ ဒုတိယအကြိမ် ပညာရေးရန်ပုံငွေ ဂီတပွဲတော် ပထမနေ့ မှာ လေလံတင်ခဲ့ရာမှာ ရွှေ FM ရေဒီယို ဥက္ကဋ္ဌ ဒေါ်နန်းမောက်လောဆိုင်း က ကျပ်ငွေ ၄၁၅ သိန်းနဲ့ ဝယ်ယူသွားပါတယ်။
2012-12-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေရှာဖွေရေးဂီတပွဲမှာ လေလံတင်မယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးထားတဲ့ဆွယ်တာကို သရုပ်ဆာင် ပြေတီဦးက ပြသနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေရှာဖွေရေးဂီတပွဲမှာ လေလံတင်မယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးထားတဲ့ဆွယ်တာကို သရုပ်ဆာင် ပြေတီဦးက ပြသနေစဉ်
Photo: RFA/Zarni Phyo Wai

ဒီဆွယ်တာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးခဲ့တာမို့ တန်ဖိုးဖြတ်လို့မရဘူးလို့ ဆွယ်တာဝယ်ယူသွားတဲ့ ဒေါ်နန်းမောက်လောဆိုင်း (Nan Mauk Lao Sai) က ပြောပါတယ်။ ရွှေ FM ရေဒီယိုဟာ  Sky Net TV ကို ပိုင်ဆိုင်တဲ့ ရွှေသံလွင်ကုမ္ပဏီရဲ့ လက်အောက်ခံအသံလွှင့်ဌာန ဖြစ်ပါတယ်။

ဒီပညာရေးရန်ပုံငွေပွဲမှာ လေလံတင် ရောင်းချတဲ့ ပန်းချီကားတချပ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ ဒီပန်းချီကားဟာ ရန်ပုံငွေဖွင့်ပွဲ ဂုဏ်ပြုသီချင်း ဆိုနေတဲ့ အချိန်မှာပဲ ပန်းချီဆရာက စင်မြင့်ပေါ်မှာ တထိုင်တည်း ရေးဆွဲခဲ့တဲ့ ပန်းချီကား ဖြစ်ပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ရန်ပုံငွေပွဲ ပထမနေ့မှာ အလှူငွေ ကျပ်သိန်း ၁၅ဝဝကျော် ရရှိကြောင်း၊ ရန်ပုံငွေပွဲ ကျင်းပနိုင်ရေးအတွက် Sky Net ရုပ်သံက ကျပ် သိန်း ၁၃ဝဝ၊ AGB ဘဏ်က ကျပ်သိန်း ၅ဝဝ ကျော်လှူဒါန်းခဲ့တယ်လို့ NLD ပညာရေးကော်မတီတာဝန်ရှိသူ ဒေါက်တာသိန်းလွင်က မီဒီိယာတွေကို ပြောကြားခဲ့ပါတယ်။

ကွန်မင့်များ (5)
Share

အမည်မဖော်လိုသူ

She bought that with over action to be popular.

Jan 12, 2013 06:20 PM

Ko Khaing

နေရပ်- USA

အမေစုကိုယ်တိုင်လက်နှင့်လုပ်ထားတဲ့ ဆွယ်တာအား ကျပ်ငွေ ၇ာဂဏန်း လောက်နှင့်၇ဥွားတာတော်တော်နမြောဖို့ ကောင်းတယ်။ ဒါပေမဲ့ကိုယ်တိုင်းပြည်မှာပဲ ၇ှိသေးတယ်ဆိုတော့ဝမ်းသာဆရာပါ။ တကယ်လို့  အနောက်နိုင်ငံတွေမှာ လေလံပွဲ လုပ်လိုက်ရင် ဒေါ် သန်းချီရနိုင်တယ်။

Jan 07, 2013 04:46 PM

ကေသီ

လှုရှင်များအားလုးကိုသာဝုခေါပါသည်

Dec 29, 2012 05:19 AM

အမည်မဖော်လိုသူ

Respect Pride Oneself, Mrs. Nan Mauk Lao Sai, good jop,

Dec 28, 2012 10:13 PM

အမည်မဖော်လိုသူ


The pen is mightier than the sword
Daw Aung San Suu Kyi is mightier than the ARMY Generals

Dec 28, 2012 06:39 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့