ငြိမ်းချမ်းရေးဆွေးနွေး ဖု့ိ ဒေါ်အောင်ဆန်းစုကြည် က ပေါက်ယူချန်းကို ဖိတ်ခေါ်


2017.03.04
dassk-uwsa-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝ အထူးဒေသက ခေါင်းဆောင်တွေ နေပြည်တော်မှာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ဆုံစဉ်
Photo: RFA

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ ဦးပေါက်ယူချန်းထံကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေးအတွက် သူမနဲ့ လာရောက်ဆွေးနွေးဖို့ ဖိတ်ကြားထားကြောင်း သိရပါတယ်။

အဲဒီလို ဖိတ်ခေါ်ထားကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက မနေ့က ပြောဆိုတယ်လို့ ကာတာကလာတဲ့ သတင်းတစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။

UWSA အဖွဲ့ရှိရာ ပန်ခန်းမြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်က ၂၄ ရက်နေ့အထိ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာချက်မှာတော့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မထိုးပဲ အစိုးရနဲ့ညှိနှိုင်းဖို့အတွက် ဝ ပြည်နယ်က ကမကထပြုပြီး နိုင်ငံရေးဆွေးနွေးရေး အဖွဲ့တစ်ခု ဖွဲ့စည်းမှာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဝ အဖွဲ့ခေါင်းဆောင် ဦးပေါက်ယူချန်းထံကို အခုလို လာရောက်တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားစာပေးပို့ခဲ့တဲ့ နေ့ရက်ကိုတော့ RFA က ရတဲ့သတင်းမှာ ဖေါ်ပြထားခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။