လူထုဆန္ဒကို အစိုးရ အလေး မထားဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

2015-04-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်တော်၊ သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ကကျင်းပခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင် ၄၈ ဦး တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ရစဉ်
နေပြည်တော်၊ သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ကကျင်းပခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင် ၄၈ ဦး တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာအစိုးရဟာ  ဖွဲ့စည်းပုံပြင်ဆင်ရေး နဲ့ တွေ့ဆုံဆွေးနွေးရေးတွေကို စိတ်ဝင်စားခြင်း မရှိတဲ့ အပြင် လူထုရဲ့ဆန္ဒကိုလည်း အလေးအနက်ထားခြင်း မရှိဘူးလို့ မနေ့ကပြောကြားလိုက်ပါတယ်။

ဒါ့အပြင် သမ္မတဦးသိန်းစိန်အနေနဲ့  ပြုပြင်ပြောင်း လဲရေးတွေဆောင်ရွက်မယ်လို့ ၂ဝ၁၁ ခုနှစ်တွေ့ဆုံစဉ်က သူမကို ပြောကြားခဲ့တဲ့အတိုင်း အမှန်တကယ် ရိုးရိုးသား သားနဲ့ ပြုပြင်လုပ်ဆောင်ခဲ့မယ်ဆိုရင် မြန်မာပြည်ဟာ အခုထက် အများကြီး ပိုမိုတိုးတက်နေမှာ ဖြစ်ပါတယ်လို့ လည်း  ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်းဌာန ကို ပြောကြောင်း သိရပါတယ်။

တဆက်တည်းမှာပဲ အမေရိကန်နဲ့ အနောက်နိုင်ငံအစိုး ရတွေဟာ မြန်မာအစိုးရ အပေါ်သိပ်ပြီး အကောင်းမြင်နေကြောင်း ဝေဖန်ပြောကြားရင်း အမေရိ ကန် ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရ ကို ပြုပြင်ပြောင်းလဲရေးတွေ တိုးတက်လုပ်ဆောင်ဖို့ အားပေးတဲ့အနေနဲ့ ချီးမွမ်းဆက်ဆံနေတာကိုလည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒီလိုအားပေးဆက်ဆံတဲ့အတွက် မြန်မာအစိုးရက ပြောင်းလဲရေးတွေကို ပိုမို လုပ်ဆောင်လာသလား ဒါမှ မဟုတ် မြန်မာအစိုးရအနေနဲ့ ငါတို့ ဒီထက်ပိုပြီး လုပ်ဆောင်ဖို့ ဘာမှမလိုဘူးဆိုတဲ့အမြင်ကိုပဲ ပေါ်ပေါက်စေသလားဆိုတာ ကျမမေးချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုက မိမိတို့ကို စွန့်လွှတ်သွားပြီဆိုတဲ့ ခံစားမှုမျိုးတော့ မရှိပါဘူး။ မိမိတို့မှာ အမေရိကန် မိတ်ဆွေကောင်းတွေရှိပါတယ်လို့ သူက ပြောဆို ခဲ့ပါတယ်။

ဒ့ါအပြင် တပ်မတော်နဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်ဖို့ အရေးကြီးကြောင်း၊ ပြည်သူနဲ့တပ်မတော် တသားတည်းရှိဖို့ လိုကြောင်းများကို ပြောကြားရင်း မြန်မာ ဗိုလ်ချုပ်ကြီးတွေက သူ့ကို ပါးပါးနပ်နပ် အနိုင်ယူနေတယ်ဆိုတဲ့ဝေဖန်ချက်တွေ ကို ဒေါ်အောင်ဆန်းစုကြည်က ပယ်ချလိုက်ပါတယ်။ မိမိတို့ကိုင်စွဲတဲ့ မူဝါဒတွေ အတွက် မားမားမတ်မတ် ရပ်တည် တိုက်ပွဲဝင်ရတဲ့ ကာလရှိသလို အတိတ်က ဒဏ်ရာဟောင်း တွေကို တူးဆွမနေဘဲ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို မူအဖြစ် ချမှတ်ရတဲ့ ကာလမျိုးလည်း ရှိနိုင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကွန်မင့်များ (16)
Share

Myo Khin

နေရပ်- Myanmar

ဒေါ်စုကို အခြေခံ ပြင်ချင်ရင် လွှတ်တော် ထဲ ၀င်ပြင် ပါ လို့ အကောက်ကြံ စည်းရုံးခဲ့တယ်။ တကယ်တန်းကျတော့ လွှတ်တော်ထဲ မှာ မပြင်နိုင် အောင် စစ်ထွက် ကြံ့ဖွတ်တွေ ကို အမတ် အများအပြားနေရာရအောင် ပြောင်မဲလိမ်ပြီး ထည့်ထားတဲ့ အပြင် စစ်သားတစ်မတ်သား လဲ အတင်း ထည့်ထားသေးတယ်။ ခုနောက်ဆုံး အခြေခံဥပဒေ ပြင်ဘို့ အချိန်လဲရောက် ရော ဦးသိန်းစိန် ရှောင်ဖယ်ဖယ် လုပ်နေ တယ်။ သတ္တိ ရှိရင် ဒေါ်စု နဲ့ နှစ်ယောက်ဆွေးနွေးတုန်း က ဘာတွေ ဆွေနွေးကြတယ် ဆိုတာ ပြည်သူကိုချပြရဲလား။

Apr 07, 2015 05:16 PM

(Yangon

နေရပ်- Yangon

Actually Suu Kyi was being deceived by Thein Sein from the beginning by saying that to work together in same perspective for the country by ignoring some conflicts. Thein Sein has plans to use Suu Kyi to stop sanctions and succeed in a certain condition. He has taken several opportunities for his party. To my personal understanding Suu Kyi has also too much positive to Thein Sein government like the US government. Thein Sein is dishonest but seems smarter in seeking benefits for his party. Than Swe will be happy for his success.
So, if constition is not amended NLD should remain as opposition party to future government.

Apr 07, 2015 02:20 PM

အမည်မဖော်လိုသူ

အင်း..အမေစုတို့ကအဟုတ်သပိတ်မှောက်ကြမယ်ဆိုရင်တော့သူတို့အကြိုက်တွေ့ပြီပေါ့ဗျာ။တပ်မတောကကြားဝင်ပြီးငြိမ်ဝပ်ပိပြားရေးဆိုတာမျိုးလုပ်မှာသေချာပေါက်။တပ်မတော်ကနိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးမှာအရေးကြီးတဲ့အခန်းကဏ္ကမှာပါဝင်တယ်ဆိုတာမှန်ကန်ပါတယ်။ဒါပေမဲ့တပ်မတော်ကတိုင်းပြည်စီးပွားရေးတိုးတက်ဖွံ့ဖြိုးးရေးဘက်မှာတော့အရည်အချင်းအတောများများရှိသော်လည်းပြည့်မှီခြင်းတော့လုံးဝမရှိတာကိုလက်ခံသင့်ပါတယ်။

Apr 06, 2015 12:54 AM

Myo Chit

နေရပ်- Myanmar

ကြီးကြီးကျယ်ကျယ် လုပ်လို့  CIA ဖြစ်တော့ ရော ပြည်သူတစ်ရပ်လုံး ထက် များ သူတို့  က ပို စိတ်ပူနေရသေးလား။ CIA ဖြစ်မဖြစ် အခုအချိန်ထိ မဖေါ်ထုတ်နိုင်လောက်အောင် သောက်ဆင့် မရှိရင် ပြည်သူက ပေးအပ်ထားတဲ့ ရာထူးတွေ အာဏာ တွေ ယူမနေနဲ့  တော့ ကိုယ့်ဟာကိုယ်ရှက် ရင် နှုတ်ထွက်လိုက်တော့။ ပြည်သူတစ်ရပ်လုံးကတော့ ဒေါ်စု ကို အကြွင်းမဲ့ယုံကြည်တယ်။ ဒင်းတို့  သာ တရုပ်တို့  ရုရှားတို့  မ/ကိုရီးယားတို့ရဲ့  မွေးစားသား ဖြစ်နေတာ။ ကိုယ်နဲ့  နှိုင်း ပြောနေတာ။

Apr 05, 2015 09:06 PM

Myo Khin

နေရပ်- Myanmar

စစ်အာဏာရှင် တွေ မျက်နှာပြောင်တိုက် လိမ်ခဲ့ပေါင်းများပါပြီ။ ၁) ၈၈ အရေးအခင်း ဦးနေ၀င်း ဦးတင်အောင်ထွန်း ကို ပြည်သူ့ ဆန္ဒ တောင်းခိုင်း တုန်းကတစ်ခါ ၂) ၁၉၉၀ နိုင်တဲ့ နိုင်ငံရေးပါတီ ကိုအာဏာ လွှဲ ပြီး ဘားတိုက်ပြန်မယ် ဆိုတုန်းက တုန်းကတစ်ခါ ၃) ၂၀၁၀ မှာ ကြိုတင်မဲတွေ နဲ့  မဲလိမ်တာ တစ်ခါ ၄) ဒေါ်စု ကို လွှတ်တော်ထဲ လိမ်ပြောပြီး ၀င်အောင် လုပ်တာ တစ်ခါ ၅) ၂၀၁၁ မှာ ပြုပြင်ပြောင်းလဲရေးတွေ အတူ ပူးပေါင်း လုပ်ဆောင် ကြမယ် ပြောပြီး အခုတော့ မလုပ်ဘူး ပြောတာ စသည်ဖြင့် အကြိမ်ကြိမ် လိမ်ခဲ့တယ်။ နောက်လဲ ဆက် လိမ်အုံးမယ်။ စစ်သားဆိုပြီး ဖြောင့်မတ်မယ် ထင်ရင် မှားမယ်။ သူတို့  က ပိုကလိန်ကကျစ် ကျသေးတယ်။

Apr 05, 2015 08:27 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့