ထားဝယ်မှာ ခြံမြေတွေ ဈေးနှိမ် အဝယ်ခံနေရ ဒေသခံတွေပြော
2012.02.27
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းပုံ
Photo: RFA
ရော်ဘာခြံတွေကို မတန်တဆဈေးနဲ့ ဝယ်နေတာလို့ နဘူးလည် ရွာခံတစ်ဦးကပြောပါတယ်။
“ပေါက်ဈေးက တစ်ဧကကို သိန်း နှစ်ဆယ်ကျော် သုံးဆယ်လောက်အထိ ရှိတယ်ခင်ဗျ။ ကောင်းတဲ့နေရာတွေဆိုရင် တစ်ဧက သိန်းလေးရာအထိ ရှိနေတယ်ခင်ဗျ။ ဒါကို သူတို့က
တစ်ရာလောက်၊ ခုနစ်ဆယ် ရှစ်ဆယ်လောက် ပေးတယ်ခင်ဗျ။ တချို့ကိုကျတော့ လျော်ကြေးမပေးတဲ့အပြင် မြေနေရာနေရာတောင် ဖျောက်ဖျက်တဲ့သဘောမျိုး ကြောက်အောင်
လုပ်နေတယ်ခင်ဗျ။ မင်းတို့နေရာ တိုင်းပေးလို့ မဖြစ်တော့ဘူး၊ မင်းတို့နေရာ ပျောက်သွားပြီ၊ အဲဒီလို ပြောတယ်ခင်ဗျ။ ဖျောက်ဖျက်လို့ ရတဲ့ဟာလည်း မဟုတ်ဘဲ အဲဒီလို
ပြောတယ်ဆိုတော့ ကျွန်တော်တို့ ရွာသူရွာသားတွေက ထုံထုံအအဆိုတော့ မပြောရဲမဆိုရဲ ခံနေကြရတယ်ခင်ဗျ”
ဒေသအာဏာပိုင်တွေဟာ သူတို့နဲ့နီးစပ်သူတွေကို ထိုက်သင့်တဲ့ လျော်ကြေးရအောင် ကြိုးစား ဆောင်ရွက်ပေးပေမယ့် ကျန်သူတွေကိုတော့ မြေစာရင်းဖျောက်ချင်တဲ့
သဘောရှိတယ်လို့ ဆိုပါတယ်။
လတ်တလောအနေနဲ့ ရေဖြူမြို့နယ်အတွင်း ဇောတိက ဓာတ်ငွေ ပိုက်လိုင်း ဖောက်လုပ်ရေးအတွက် ဆောင်ရွက်နေတဲ့ AGS ကုမ္ပဏီနဲ့ အလုပ်သမားတွေ ကြားမှာလည်း
ပြဿနာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။









