ဒီမိုကရေစီ ကြိုးပမ်းမှုပြတိုက် ဖွင့်လှစ်ဖို့ စီစဉ်


2013.10.14

မြန်မာနိုင်ငံက သမိုင်းအဆက်ဆက် ဒီမိုကရေစီအရေး ကြိုးပမ်းမှုအကြောင်းတွေကို ပြသထားမယ့် အထိမ်းအမှတ်ပြတိုက်တစ်ခု ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေတယ်လို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ ရှစ်လေးလုံးငွေရတု အထိမ်းအမှတ်ပွဲမှာ တင်သွင်းခဲ့ကြတဲ့ စာတမ်းတွေ၊ အကြံပြုချက်တွေ၊ သဝဏ်လွှာတွေကို စာအုပ်အဖြစ် စုစည်းထုတ်ဝေသွားမယ်လို့ ရန်ကုန်မြို့ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက ပြောပါတယ်။

အဲဒီ အကြံပြုစာတမ်းတွေထဲမှာ လယ်သမားအရေး၊ အလုပ်သမားအရေးနဲ့ တိုင်းရင်းသားအရေးဆိုင်ရာ စာတမ်းတွေ၊ အကြံပြုချက်တွေပါဝင်ပြီး အဲဒါတွေကိုစုစည်းထားတဲ့ စာအုပ်အုပ်ရေတစ်သောင်းကို အခမဲ့ဖြန့်ချီသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။