အားလုံးလွတ်ရေး ပြန်စဉ်းစားပေးဖို့ ရွေးကောက်ပွဲဝင်ပါတီတွေ တင်ပြမည်

၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၁၁ ပါတီ စုပေါင်း ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေများ အစုအဖွဲ့ဟာ အစိုးရသစ် ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပတ်သက်ပြီး အခုရက်ပိုင်းအတွင်း သမ္မတ ဦးသိန်းစိန်ထံကို စာတစောင် ပေးပို့မယ်လို့ သိရပါတယ်။

2011.05.21
Dr_Than_Nyein_NDF_305_z မြန်မာစစ်အစိုးရက အမျိုးသားဒီမိုကရေစီအင်အားစု National Democratic Force (NDF) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ပြီးနောက် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း သတင်းထောက်များနှင့် တွေ့ဆုံနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

မနေ့က ကျင်းပတဲ့ ၁၁ ပါတီ အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

ဒီစာမှာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်ရေးအတွက် ပြန်လည် စဉ်းစားပေးဘို့ အစိုးရသစ်ကို အကြံပြုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စာကို ပါတီ နှစ်ခုက လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့အတွက် သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့လို့ မရသေးဘူးလို့ NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကရော ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကပါ ပြောပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်မရွေး ကြေညာနိုင်တဲ့အတွက် အနာဂတ်ကို ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကိစ္စကိုလည်း မနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီမိုကရေစီ မိတ်ဆွေများ အစုအဖွဲ့ကို အမျိုးသားဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ချင်း အမျိုးသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ စတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ဒီမိုကရေစီ အင်အားစုပါတီတွေ စုပေါင်း ဖွဲ့စည်းထားတာပါ။

ပါတီ ၁၁ ပါတီက သမ္မတဦးသိန်းစိန်ထံ ပေးပို့မယ့် စာနဲ့ ပတ်သက်တဲ့ အကြောင်းတွေနဲ့ အစိုးရသစ်အပေါ် ထားရှိတဲ့ ပါတီတွေရဲ့ အမြင်တွေကို ဒေါ်စမ်းစမ်းတင်က စုစည်းတင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။