တွေ့ဆုံဆွေးနွေးမှသာ ပြဿနာပြေလည်နိုင်ကြောင်း ကိုဌေးကြွယ် ပြောဆို

မြန်မာနိုင်ငံရဲ့ ပြဿနာတေ ွပြေလည်ဖို့ဆိုရင် အကြောင်းအရာတခုချင်းဆီ ဆန်စင်ရာ ကျည်ပွေ့ လိုက်သလို ဖြေရှင်းဖို့ ကြိုးစားနေတာမျိုးထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းသင့်တယ်လို့ ဘူးသီးတောင်ထောင် မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ကိုဌေးကြွယ်က ပြောလိုက်ပါတယ်။

2011.05.19
student_leaders_05-27_305_Z.jpg ဒီမိုကရေစီ အင်အားစုများ၏ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည်နေ့ ဖြစ်သော ၂၀ဝ၇ခုနှစ် မေလ ၂၇ရက် တွင် လက်ချင်းချိတ်၍ ပါဝင်ဆင်နွှဲနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ပါသည်။ (ဝဲမှယာ) ကိုမြအေး၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်။
AFP

ဦးသိန်းစိန်အစိုးရက အကျဉ်းသားတွေကို တနှစ် လျှော့ပေါ့ပေးလိုက်တယ်ဆိုတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ထွက်လာပြီး နောက်တနေ့ မိသားစုနဲ့ ထောင်ဝင်စာတွေ့တဲ့အခါ ပြောဆိုလိုက်တာပါ။

လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အပေါ်မှာလဲ သူတို့လို နှစ်ရှည် အကျဉ်းကျသမားတွေ အတွက်တော့ ဟာသတခုသာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ကိုဌေးကြွယ်က ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့တဲ့ ယောက်ဖ တော်စပ်သူ ကိုဖြိုးမင်းသိန်းက RFA ကို အခုလို ပြောပါတယ်။

“တိုင်းပြည်ရဲ့ အခြေအနေတွေကိုပေါ့နော်၊ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေပေါ်မှာပဲ လိုက်ပြီး ဆောင်ရွက်နေတာနဲ့ စာရင် အပြောင်းအလဲတရပ်ကို ဖြစ်စေနိုင်မဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်သင့်တယ်လို့ ဒါသူတို့ကတော့ အဲဒီလို အမြင်ရှိတယ်ပေါ့ဗျာ။        

အရင် စစ်အစိုးရလက်ထက်မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို ထောင် ၆၅ နှစ်နဲ့ ၆ လစီ အသီးသီးချမှတ်ခဲ့ပါတယ်။ လက်ရှိ ဦးသိန်းစိန်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီး အကျဉ်းသားပေါင်း တသောင်းခွဲနီးပါး လွှတ်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ အနည်းအကျဉ်းသာ ပါဝင်ခဲ့ပါတယ်။ ဘူးသီးတောင်ထောင်က လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ဦးပဲ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။