သယံဇာတနဲ့ အာဏာခွဲဝေရေး နေပြည်တော် မှာ ဆွေးနွေး


2013.11.09

ပြည်နယ်အစိုးရတွေနဲ့ ပြည်ထောင်စုအစိုးရအကြား အာဏာခွဲဝေရေးနဲ့ သယံဇာတခွဲဝေရေးကိစ္စတွေမှာ ပြည်နယ်အစိုးရတွေဖက်က လုပ်ပိုင်ခွင့်ရရှိလာအောင် တင်ပြတောင်းဆိုသွားရေးကိစ္စကို နေပြည်တော်မှာ ဒီနေ့ စတင်ကျင်းပနေတဲ့ ဗဟိုဦးစီးချုပ်ကိုင်မှုလျှော့ချရေး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

The Innovative အဖွဲ့က ဦးဆောင်ပြီး နေပြည်တော် ဇဗ္ဗူသီရိဟိုတယ်မှာ ဒီနေ့စတင်ကျင်းပတဲ့ ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချရေးညီလာခံက ဆွေးနွေးရရှိချက်တွေကို တင်ပြသွားမှာဖြစ်တယ်လို့ The Innovative အဖွဲ့က အကြီးတန်းသုတေသီ ဒေါက်တာ အောင်ရဲထွဋ်တင်က ပြောပါတယ်။

၃ ရက်ကြာကျင်းပမယ့် အဲဒီညီလာခံမှာ ဗဟိုပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးနဲ့ ပတ်သက်ပြီး အဓိကထားဆွေးနွေးမှာလို့ သိရပါတယ်။

ဒီညီလာခံကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လူငယ်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တစ်ရာကျော် တက်ရောက်နေကြပါတယ်။

The Innovative အဖွဲ့က အကြီးတန်းသုတေသီ ဒေါက်တာ အောင်ရဲထွဋ်တင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။