ဗိုလ်ချုပ်စောလားဘွယ်နဲ့ အဖွဲ့ DKBA ဌာနချုပ်နေရာကို ပြန်သိမ်းပိုက်
2011.05.30
တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) မှ ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးကြီး စောလားပွယ်သည် မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးမှုကို လက်မခံသည့် တပ်မဟာ ၅ တပ်မှူး ဖြစ်ပါသည်။ (RFA)
အဲဒီနေရာဟာ သူတို့အဖွဲ့အတွက် အရေးပါတဲ့ ဒေသတခု ဖြစ်တဲ့အတွက် ပြန်သိမ်းပိုက်တာလို့ DKBA အဖွဲ့က ဗိုလ်မှူးကျော်သက်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးမှသာ လက်ရှိ ဦးသိန်းစိန်အစိုးရကို အရပ်သားအစိုးရ စစ်စစ်လို့ သတ်မှတ်နိုင်မယ့်အကြောင်းလည်း DKBA ဗိုလ်မှူးဆန်းအောင်က RFA ကို ပြောပါတယ်။
“အခုဟာက လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုပြီးတော့ ထောင်သားတွေကို တနှစ်လား လျှော့ပေးတာတို့၊ တချို့က လပိုင်းလေးကျန်တယ်၊ တချို့က ရက်ပိုင်းလေး ကျန်တယ်၊ အဲဒါပဲ လွှတ်ပေးတယ်နော်။ လွတ်ငြိမ်းချမ်းသာခွင့်လို့ ကျနော်တို့ မမြင်ဘူး။ တကယ်တော့ ဒီအစိုးရဟာ ဒီပုပ်ထဲက ဒီပဲပဲ။ တကယ်လို့ အစိုးရသစ် ဆိုလို့ရှိရင် ပြီးခဲ့တာ ကန့်လန့်ကာချပြီး ဘဝသစ် တည်ဆောက်ရမယ်။ ကျနော်တို့ တိုင်းရင်းသားတွေနဲ့လည်း ဘာမှ အထူးအထွေ ကမ်းလှမ်းတာ မရှိသေးဘူး။ ဒီအစိုးရကို လက်ရှိအနေအထားအရ လုံးဝ ယုံကြည်မှု မရှိဘူး။ ဒါကြောင့် ကျနော်တို့ ရောက်တဲ့နေရာမှာ ပြည်သူလူထုနဲ့ ပူးပေါင်းတယ်၊ တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ တိုက်နေတယ်”
DKBA ရဲ့ အဆိုအရ အခုသိမ်းပိုက်မှုမှာ နယ်ခြားစောင့်တပ်ရဲ့ တပ်မှူးတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းမိခဲ့ပေမယ့် ပြန်ပြီး ထွက်ပြေးလွတ်မြောက်သွားပြီး ဘားအံကို ရောက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီတိုက်ပွဲမှာ KNU တပ်မဟာ (၇) နဲ့ ABSDF ကျောင်းသားတပ်မတော်က ရဲဘော်တွေလည်း ပူးပေါင်းဆင်နွှဲခဲ့တယ်လို့ DKBA တပ်မှူးတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ DKBA အဖွဲ့က ဗိုလ်မှူးကျော်သက်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









