ထိုင်းအာဏာပိုင်တွေထံ လက်နက်မချဟု ဗိုလ်မှူးချုပ် စောလားပွယ် ပြောဆို

ဒီကေဘီအေ ကလိုထူးဘော အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်စောလားပွယ် အနေနဲ့ ထိုင်းအာဏာပိုင်တွေထံ လက်နက်ချမှာ မဟုတ်ကြောင်း ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

2012.05.10
saw-la-pwe-b305 ဒီကေဘီအေ ကလိုထူးဘော အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်စောလားပွယ် ၂၀၁၂ ခုနှစ် မေလ ၁၀ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
RFA

သူ့အနေနဲ့ ဘာတစ်ခုမှ မှားယွင်းတဲ့လုပ်ရပ်ကို မလုပ်ခဲ့တဲ့အတွက် အပြစ်မရှိကြောင်း ဗိုလ်မှူးချုပ် စောလားပွယ်က ပြောဆိုခဲ့ပါတယ်။

ထိုင်းဒုတိယ ဝန်ကြီးချုပ် ချလမ်း ယူဘန်ရမ် Chalerm Yubamrung က ဗိုလ်မှူးချုပ် စောလားပွယ်ကို ဖမ်းဆီးပြီး ထိုင်းနိုင်ငံကို လွဲပြောင်းပေးအပ်ဖို့ မြန်မာအစိုးရထံ တောင်းဆိုခဲ့ပြီးနောက် DKBA ဘက်က အခုလို ပြန်လည်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ စွပ်စွဲချက်ကို လက်တုံ့ပြန်တဲ့အနေနဲ့ ထိုင်းမြန်မာနယ်စပ်က ကုန်သွယ်ရေးလမ်းကြောင်းတချို့ကို ဒီကေဘီအေဘက်က ပိတ်လိုက်ပါတယ်။ ထိုင်းဘက်က စစ်ရေးအရ ဖိအားပေးလာရင် မြဝတီ မဲဆောက် တံတားကိုပါ ပိတ်ပစ်မယ်လို့ ဒီကေဘီအေ ခေါင်းဆောင်တစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထိုင်း ဒုတိယဝန်ကြီးချုပ်က ဗိုလ်နှုတ်ခမ်းမွှေးခေါ် ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်သူ တစ်ဦးအဖြစ် စွပ်စွဲထားပါတယ်။

ထိုင်း ဒုဝန်ကြီးချုပ်အနေနဲ့ ဥပဒေကို လေးစားလိုက်နာတယ်ဆိုရင် ဘာကြောင့် ထွက်ပြေးနေတဲ့ ဝန်ကြီးချုပ်ဟောင်း တတ်ဆင်ကို မဖမ်းတာလဲလို့လည်း ဗိုလ်မှူးချုပ် စောလားပွယ်က မေးခွန်းထုတ်ခဲ့ပါတယ်။

ဒု ဝန်ကြီးချုပ် ချလမ်း ကတော့ သူ့အနေနဲ့ ဗိုလ်နှုတ်ခမ်းမွှေးနဲ့ အပြန်အလှန် ငြင်းခုန်နေမှာ မဟုတ်ကြောင်း၊ ဗိုလ်နှုတ်ခမ်းမွှေး အနေနဲ့ အပြစ်မရှိကြောင်း ခုခံပြောဆိုနေရင် သူ့အနေနဲ့ ဖမ်းဝရန်းကို ပြန်လည် ရုပ်သိမ်းပေးဖို့
တရားရုံးကို တင်ပြသွားမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဗိုလ်နှုတ်ခမ်းမွှေး အနေနဲ့ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာပါက အဖမ်းခံရမှာဖြစ်ကြောင်း၊ မြန်မာအစိုးရ အနေနဲ့လည်း ထိုင်းအစိုးရနဲ့ ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း
ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-05-10 13:25

CHALERM you cannot do it because you made problem you must clear.this is you charge.But you are vice priminister you believe more on accused and you must require yiur history when you did at thai goverment and what did you talk police at about 2001.

Anonymous
2012-05-10 13:12

ထိုင်းတွေဖက်က မှန်တယ်ဆိုရင် သက်သေပြသင့်တာပေါ့  အထောက်အထား မခိုင်လုံပဲ အခုလိုပြောနေတာကို လုံးဝဆန့် ကျင်ပါတယ်

Anonymous
2012-05-11 12:56

Very disappointed about Thai Government.

Anonymous
2012-05-11 12:54

I think this is not fair for Saw Lah Bwe. We are very mad about this. We are disagree with Thai Government.Pray for the result. Thailand has never done any good to us.