ဗိုလ်ချုပ်စောလားပွယ်ကို ဖမ်းဆီးပေးဖို့ ထိုင်းက မြန်မာအစိုးရကို တောင်းဆို

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် ( ဒီကေဘီအေ ) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်ချုပ် စောလားပွယ်ကို ဖမ်းဆီးပေးဖို့ ထိုင်းအစိုးရက မြန်မာအစိုးရကို တောင်းဆိုထားပြီး ဒီကိစ္စအတွက် လိုအပ်ရင် မိမိမြန်မာနိုင်ငံကို သွားရောက်ဆွေးနွေးဖို့ အဆင့်သင့်ရှိကြောင်း ထိုင်း ဒုတိယ ဝန်ကြီးချုပ် Chalerm Yoobumrung က ပြောလိုက်ပါတယ်။

2012.05.08
saw-la-bwe-press-b305 ၂၀၁၂ ခုနှစ် မေလ ၁ ရက်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် စောလားပွယ် (အလယ်) သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
RFA

ပြီးခဲ့တဲ့ ဧပြီလ (၂၀) ရက်နေ့က ထိုင်းအစိုးရက အလိုရှိနေတဲ့ မူးယစ်ရာဇာ (၂၅) ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဗိုလ်နှုတ်ခမ်းမွှေးရဲ့ အမည်ပါဝင်နေပြီး ပဉ္စမမြောက် အလိုရှိသူအဖြစ် ဆုငွေ ထိုင်းဘတ်ငွေ တစ်သန်း အထုတ်ခံ ထားရပါတယ်။

တနင်္လာနေ့ကတော့ ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး အထွေထွေ အတွင်းရေးမှူး ရဲတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး အဒူ ဆန်ဆင်းကီယိုက မြန်မာနိုင်ငံ ရဲချုပ်ကို ဗိုလ်နှုတ်ခမ်းမွှေး ဖမ်းဆီးရေးအတွက် အကူအညီ တောင်းခံခဲ့ကြောင်း ထိုင်း ဒု ဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းအစိုးရရဲ့ အလိုရှိသူစာရင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဗိုလ်နှုတ်ခမ်းမွှေးက သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး မူးယစ်ဆေးဝါးကိစ္စမှာ မိမိပါဝင်ပတ်သက်ကြောင်း သက်သေအထောက်အထားပြဖို့ တောင်းဆိုခဲ့ပါတယ်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ် Chalerm က ပြန်လည်တုံ့ပြန်ခဲ့ရာမှာ - ၂၀၀၃ ခုနှစ်က ဘန်ကောက်မှာ အမျိုးသမီးတစ်ယောက်ကို စိတ်ကြွဆေးပြားပေါင်း (၉) သိန်းနဲ့အတူ ဖမ်းဆီးမိခဲ့ပြီး ပထမ သေဒဏ်ချမှတ်ခဲ့ရာက ထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်ခဲ့ကြောင်း၊ အဲဒီဆေးပြားတွေဟာ ဗိုလ်နှုတ်ခမ်းမွှေးအတွက် ဖြစ်တယ်လို့ အဲဒီအမျိုးသမီးက ထွက်ဆိုခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်နှုတ်ခမ်းမွှေးခေါ် ဗိုလ်ချုပ်စောလားပွယ်က မေလ (၁၀) ရက်နေ့ မနက်ဖြန်မှာ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ ခေါ်ယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-05-08 19:29

ရဲဘော်ရဲဘက်အပေါင်းတို့၊ မိတ်ဆွေတို့ အေးချမ်းသာယာသောဘ၀ ပန်းတိုင် ထာဝရဆွတ်ခူးနိုင်ကြပါစေသား။

Anonymous
2012-05-08 14:21

ယိုးဒယားတော့ ၀ါးရင်တုတ်စာ မိချင်ပြီနဲ့ တူတယ်...

Anonymous
2012-05-09 04:07

That is possible, because of DKBA major baseness is only that, we called(Yar Ba)for a long time ago they did it their own baseness to rich their members.Now they are really rich, that income is come from where, please think about that.I'm nation of Kayin too but i did not like they did it like that for a long times ago and i would like to ask a question,what is major job for DKBA,what for they like to hole the guns? It's that freedom for Kayin State or Kayin nations or ????.I knew that was only only to rich them self.

Anonymous
2012-05-11 00:01

THAI can not control a lot of crimes including drug trading for a long time before DKBA time.You should not blame DKBA for the uncontrollable drug trading of THAI.You know THAI was called " The country of .............." long ago before we were born.For the present, what THAI should be called like " The country of ....... . I think you know a name for THAI if you know the real situation. Learn the past and present.DKBA was born in 1995, not a couple decade old yet. Thank you all.