ဖမ်းထားသော မြန်မာစစ်တပ်ဗိုလ်ကြီးကို ကရင် DKBA ပြန်လွှတ်ပေး

DKBA အဖွဲ့က သူတို့ ဖမ်းဆီးထားတဲ့ မြန်မာစစ်တပ်က ဗိုလ်ကြီး သက်နိုင်ကို ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ် ။

2010.11.12
dkba_pow_captain_thet_naing_305_z.png မြဝတီတိုက်ပွဲ ဖြစ်ပွားစဉ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) က နိုဝင်ဘာ ၈ ရက်နေ့က ဖမ်းဆီးထားသော မြန်မာစစ်အစိုးရ စကခ (၈) လက်အောက်ခံ နည်းဗျူဟာ (၃) မှ စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး သက်နိုင် (ပုံ) ကို နိုဝင်ဘာ ၁၂ ရက်တွင် DKBA က ပြန်လွှတ်ပေးခဲ့ပါသည်။ (Photo: RFA Listener)
(Photo: RFA Listener)

DKBA တပ်မဟာ (၅) က အမည်မဖော်လိုတဲ့ တပ်မှူးတဦးကတော့ "စစ်သုံ့ပန်းဥပဒေအရ ဗိုလ်ကြီး သက်နိုင်ကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့" ပြောပါတယ် ။

မြဝတီခရိုင် ဝေါ်လေဒေသမှာ အခြေစိုက်တဲ့ စကခ (၈) လက်အောက်ခံ နည်းဗျုဟာ (၃) မှ စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး သက်နိုင်ကို DKBA တပ်မဟာ (၅) အဖွဲ့က နိုဝင်ဘာလ ၈ ရက်နေ့တုန်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဗိုလ်ကြီးသက်နိုင်ဟာ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်မှာ နေထိုင်ကြတဲ့ အဖ ဦးသိန်းအောင် အမိ ဒေါ်အေးချိုတို့ရဲ့ သားဖြစ်ပြီး အိမ်ထောင်ရှင်တဦးလည်း ဖြစ်ပါတယ် ၊ သူ့မှာ ရက်သားအရွယ် သမီးတဦး ရှိတယ်လို့ သိရပါတယ် ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။