နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက် ဒိုင်းနက်ပါတီ ကန့်ကွက်


2017.03.15
dndp-statement-620.jpg မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်တဲ့ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီရဲ့ သဘောထားကြေညာချက်ကို တွေ့ရစဉ်
.

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း အောင်ဇံနယ်ခြားစောင့်ရဲကင်းစခန်းမှာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ သေနတ်လုခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်ကို ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီက ကန့်ကွက်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

လူမျိုးအမည်ကို ထည့်သွင်းပြီး သတင်းထုတ်ပြန်တာကြောင့် ဒေသနေတိုင်းရင်းသားတွေအကြား ယုံကြည်မှု ပျက်ပြားစေတယ်လို့ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဦးအောင်ကျော်ဇော က ပြောပါတယ်။

သေနတ်လုယူခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန် ချက်မှာ ပြစ်မှုကျူးလွန်သူတွေဟာ ဒိုင်းနက်လူမျိုးလို့ ယူဆရသူ ၅ ဦးဖြစ်ကြောင်း ဖော်ပြထားသလို မတ်လ ၁၂ ရက်နေ့က ထပ်မံထုတ်ပြန်ချက်မှာလည်း ဒိုင်းနက်လူမျိုး ၅ ဦးလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီရဲ့ စုံစမ်းချက်တွေအရ ပြစ်မှုကျူးလွန်သူတွေဟာ ဒိုင်းနက်လူမျိုးတွေ မဟုတ်သလို မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့ မြို့မကျောင်းမှာနေထိုင်သူ ၃ ဦးဟာလည်း ဒိုင်းနက်လူမျိုးတွေမဟုတ်ဘူးလို့ ပါတီရဲ့ ဒီနေ့ ကြေညာချက်မှာ ပါရှိပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို အတည်မပြုရသေးခင် ယူဆရုံသက်သက်နဲ့ ထုတ်ပြန်ခဲ့တာကြောင့် ဒိုင်းနက်လူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်လို့လည်း ပါရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ချက်ကို ပြင်ဆင်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။