မြန်မာ့အကြွေး ဒေါ်လာသန်း ၃၅၀၀ ကျော် ဂျပန်က လျော်ပစ်လိုက်ပြီ

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကြိုးပမ်းမှု၊ စီးပွါးရေးနဲ့လူမှုရေးပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်မှုတွေကို အားပေးကူညီတဲ့အနေနဲ့ မြန်မာအစိုးရထံက ရစရာရှိတဲ့ကြွေးမြီ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၅၈ဝ ကို ဂျပန်နိုင်ငံ လျော်ပစ်လိုက်ပါတယ်။

2013.01.30

ရန်ကုန်မြို့ရှိ ဂျပန်သံရုံးရဲ့ ဇန်နဝါရီလ ၃ဝ ရက်နေ့ကြေညာချက်မှာ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်လက်ပံ့ပိုးဖို့ အရေးကြီးတယ်လို့ ဂျပန်အစိုးရက ယုံကြည်တဲ့အတွက် အကူအညီတွေ ကျယ်ကျယ်ပျံ့ပျံ့ပေးအပ်မှာ ဖြစ်ကြောင်းနဲ့ မြန်မာပြည်အနေနဲ့  နိုင်ငံတကာကနေ အထောက်အပံ့တွေ ရရှိရေးအတွက်လည်း ဂျပန်နိုင်ငံက ဆက်လက်ဦးဆောင်ကြိုးပမ်းမှာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။