ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်ဆောက်ရန် ကျပ်ငွေ ၁ဝ သိန်း လှူဒါန်း

ပါလီမန် ဒီမိုကရေစီခေတ် ကတည်းက လက်ရှိ သမ္မတဦးသိန်းစိန် လက်ထက်ထိ ဥပဒေရေးရာ ကိစ္စတွေ စဉ်ဆက်မပြတ် ဆောင်ရွက်လာပြီး ရှေ့နေလောကမှာ ထင်ရှားတဲ့ ဦးသန်းတင်ဟာ အသက် ၉ဝ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်ရေးအတွက် ရန်ပုံငွေ ကျပ် ၁ဝ သိန်း ဒီနေ့ လှူဒါန်းလိုက်ပါတယ်။

2011-06-25
Share
student-union-305-z ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ အရုဏ်တက်ချိန်တွင် ဗုံးခွဲဖျက်ဆီးခံခဲ့ရသော ကျောင်းသားသမဂ္ဂ အဆောက်အအုံ (မှတ်တမ်းပုံ)။ (Image: RFA)
Image: RFA

ဒီ မ,တည်ငွေကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက လက်ခံရယူခဲ့ပါတယ်။

“ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်ဆောက်ဖို့အတွက် မ,တည် ပြီးတော့လှူတယ်ပေါ့။ တချို့လည်း ပါတဲ့ငွေ ထည့်ကြတယ်။ တချို့လည်း ကတိကဝတ် ပြုကြတယ်။ အဲဒါကို မ,တည်ပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦးကို မူလနေရာမှာ ပြန်လည်ဖြစ်မြောက်အောင် တည်ဆောက်မယ်။ နောက်ထပ်လည်း ထပ်စုကြမယ်၊ ကောက်ကြမယ် ပေါ့။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ယူပြီး လုပ်ကိုင်ပေးပါ ဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုယ်စား ဒီငွေကို ကျနော်က လက်ခံပြီးတော့၊ အားလုံးဝိုင်းဝန်း ကူညီပြီးတော့၊ လုပ်နိုင်တဲ့ အချိန်အခါပေးရင် ဒေါ်အောင်ဆန်းစုကြည်က ချက်ခြင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့ စွမ်းရည်ရှိတယ်၊ ဒါကြောင့်မို့ လောလောဆယ် ရတဲ့ငွေကို ကျနော်ကပဲ ခဏ ထိန်းသိမ်းထားပေးတယ်လေ”

ရှေ့နေကြီး ဦးသန်းတင်ရဲ့ အသက် ၉ဝ ပြည့် မွေးနေ့ပွဲကို ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်တဲ့အတွက် ဦးတင်ဦးက ကိုယ်စား လက်ခံရယူပြီး ရရှိတဲ့ အလှူငွေတွေကို လောလောဆယ် ထိန်းသိမ်းထားတာပါ။

ဦးသန်းတင်ရဲ့ မွေးနေ့ပွဲကို အလွှာပေါင်းစုံက မိတ်ဆွေတွေ တက်ရောက်ကြပြီး ရှေ့နေတွေက ဥပဒေရေးရာ ကိစ္စတွေ၊ ရင်ဆိုင် ကျော်လွှားနေရတဲ့ အခက်အခဲတွေကို အလွတ်သဘော ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

Anonymous says:
2011-06-25 12:59

Why only approach DASSK? Shouldn't An Appropriate Committee be Formed to Take Charge? Because it will complicate/burden DASSK, in getting APPROVAL.

Anonymous says:
2011-06-27 12:00

This building will be a dream for all students who learned there. They all like to send sum amount of money as a fund. So it should create an account who like to send from abord. Let us to see when it can build again.

Anonymous says:
2011-06-27 00:08

အရာရာတိုင်းမှာဒေါ်စုကိုတာဝန်လွှဲနေတာမဖြစ်သင့်ဘူးလို့ထင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့