ဒေါက်တာ အေးမောင်နဲ့ ကိုဝေဟင်အောင် အမှု စစ်တွေခရိုင်တရားရုံးမှာ စစ်ဆေးဖို့ ဆုံးဖြတ်

2018-06-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဒေါက်တာ အေးမောင် ကို စစ်တွေမြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
ဒေါက်တာ အေးမောင် ကို စစ်တွေမြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Min Thein Aung/ RFA

ဒေါက်တာ အေးမောင်နဲ့ ကိုဝေဟင်အောင်တို့ ရင်ဆိုင်နေရတဲ့ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှု စတဲ့ အမှု သုံးခု စလုံးကို စစ်တွေခရိုင် တရားရုံးမှာ တစ်ပေါင်းတည်း စစ်ဆေးဖို့ တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

အမှု သုံးခု စလုံးဟာ အကြောင်းခြင်းရာနဲ့ သက်သေတွေ တူညီတဲ့အမှု ဖြစ်တဲ့အတွက် စစ်တွေခရိုင်တရားရုံးမှာ တစ်ပေါင်းတည်းစစ်ဆေးဖို့ တင်ပြချက်ကို တရားရုံးက ဒီနေ့ဆုံးဖြတ်ခဲ့တာလို့ ကိုဝေဟင်အောင်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။

"ဒေါက်တာ အေးမောင်နဲ့ ကိုဝေဟင်အောင် အပေါ်မှာ ဥပဒေပုဒ်မ သုံးခုနဲ့ ခွဲပြီးတော့ စွဲထားတယ်၊ နှစ်မှုက မြို့နယ်မှာရှိနေတယ်ဆိုတော့ ဒါကိုစီရင်ပိုင်ခွင့်အရ ခရိုင်တရားရုံးမှာ တပေါင်းတည်း ကြားနာစစ်ဆေးပေးဖို့ဆိုပြီး ကျမတို့လျှောက်ထားခဲ့တာရှိပါတယ်၊ ဒီနေ့တော့ ခရိုင်တရားရုံးဟာ မြို့နယ်ရုံးမှာရှိနေတဲ့ ဒေါက်တာ အေးမောင်နဲ့ ကိုဝေဟင်အောင် တို့ရဲ့ အဲဒီအမှုနှစ်ခုစလုံးကို ခေါ်ယူပြီးတော့ တရုံးတည်းမှာ စစ်ဆေးမယ်ဆိုပြီး အမိန့်ကိုချမှတ် လိုက်တာဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုနဲ့ ပတ်သက်ပြီး ဒေါက်တာ အေးမောင် နဲ့ ကိုဝေဟင်အောင် တို့ကို မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲဆိုသလို စစ်တွေခရိုင်တရားရုံးမှာတော့ နိုင်ငံတော်ပုန်ကန်မှု နဲ့ တပြိုင်နက် တရားစွဲဆိုထားတာပါ။

အကြောင်းခြင်းရာနဲ့ သက်သေတွေတူညီတဲ့ အဲဒီအမှု သုံးခု ကို စစ်တွေခရိုင်တရားရုံးမှာ တစ်ပေါင်းတည်းစစ်ဆေးဖို့ ဒေါက်တာ အေးမောင်နဲ့ ကိုဝေဟင်အောင်တို့ရဲ့ ရှေ့နေတွေက ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်တွေခရိုင်တရားရုံးမှာ လျှောက်ထားခဲ့ကြတာဖြစ်ပါတယ်။

လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့