သြစတြေးလျ ငြိမ်းချမ်းရေးဆု ဒေါက်တာ စင်သီယာမောင်ရရှိ


2013.11.06

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ ငြိမ်းချမ်းရေးဖေါင်ဒေးရှင်းက ပေးအပ်တဲ့ ၂၀၁၃ ခုနှစ် ဆစ်ဒနီ ငြိမ်းချမ်းရေးဆုရရှိသူ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် မယ်တော်ဆေးခန်းတည်ထောင်သူ  ဒေါက်တာ စင်သီယာမောင်ကို  ဒီနေ့ အခမ်းအနားနဲ့ ဆုချီးမြှင့်လိုက်ပါတယ်။

ဒေါက်တာစင်သီယာမောင်က ဂုဏ်ပြုတဲ့ အခမ်းအနားကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့တာပါ။ ဒေါက်တာ စင်သီယာမောင်က နယ်စပ်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ငြိမ်းချမ်းရေးဆက်စပ်မှုအကြောင်း ၊ မယ်တော်ဆေးခန်းရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအကြောင်း တက်ရောက်လာသူတွေကို ရှင်းပြခဲ့ပြီး ပရိသတ်ရဲ့မေးခွန်းတွေကို ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနဲ့ မြန်မာနိုင်ငံနယ်စပ်အနီးမှာရှိတဲ့ မဲဆောက်မြို့နားက မယ်တော်ဆေးခန်းဟာ ဝန်ထမ်းအင်အား ၇၀၀ လောက်နဲ့  နှစ်စဉ်လူနာပေါင်း တစ်သိန်းငါးသောင်းလောက်ကို ဆေးဝါးကုသပေးနေတာပါ။

ဒေါက်တာစင်သီယာမောင်ဟာ ကရင်ပြည်နယ် ဘားအံမြို့နားက အိန်ဒုရွာဇာတိဖြစ်ပြီး ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအပြီးမှာ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ခွာသွားပြီး ၁၉၈၉  ခုနှစ်အစောပိုင်းမှာ မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာစင်သီယာမောင်ကို RFA အဖွဲ့သား ကိုဝင်းနိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။