သိက္ခာတော်ရ ဆရာတော်ကြီး ဒေါက်တာ လထော်ဆဘွဲ့ဂျွမ် ကွယ်လွန်


2017.06.28

အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အကြား ငြိမ်းချမ်းရေးရရှိဖို့ ၁၉၈ဝ ခုနှစ်ကစတင် ဦးဆောင် ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ အသက် ၈၃ နှစ်ရှိတဲ့ သိက္ခာတော်ရ ဆရာတော်ကြီး ဒေါက်တာလထော် ဆဘွဲ့ဂျွမ် ဟာ ဇွန်လ ၂၆ ရက်နေ့ညက ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

သိက္ခာတော်ရဆရာတော်ကြီး ခုလို ကွယ်လွန် သွားတာဟာ ဝမ်းနည်းစရာပဲလို့ လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်တဲ့ KIO ဗဟို ကော်မတီဝင် ဒေါက်တာလဂျာ က ပြောပါတယ်။

" ငြိမ်းချမ်းရေးကတော့ မဖြစ်မနေ ကျနော်တို့ ကြိုးပမ်းရမည့်ကိစ္စ၊ အောင်မြင်ရမည့် ကိစ္စ၊ ပန်းတိုင်ရောက်ရမည့် ကိစ္စ၊ အဲ့ဒီ အတွက်ကြောင့် အဲ့လို ကြိုးပမ်းတဲ့ ပုဂ္ဂိုလ်တွေ ဟာ ဆုံးသွားတယ် ဆိုလို့ရှိရင်တော့ ကျနော်တို့အနေနဲ့ ဝမ်းနည်းစရာပေါ့။ ဒါကြောင့် ဒီဟာကို ကျနော်တို့ကတော့ ဝမ်းနည်းတယ်လို့ ပြောလို ပါတယ်"

ဆရာတော်ကြီး ဒေါက်တာ လထော်ဆဘွဲ့ဂျွမ် ဟာ ၁၉၅၀ ခုနှစ် က မြန်မာနိုင်ငံဓမ္မတက္ကသိုလ်ကို ပထမဆုံး တက်ရောက်ခဲ့တဲ့ ကချင် ၆ ဦးထဲက တစ်ဦး အပါအဝင်ဖြစ်ပြီး ၂ဝဝဝ ခုနှစ်မှာ ငြိမ်းဖောင်ဒေးရှင်းကို ထူထောင်ခဲ့ပါတယ်။

သူ့ရဲ့ ရုပ်ကလာဒ်ကို မြစ်ကြီးနားမြို့က သူ့ရဲ့နေအိမ်ကို မနေ့က ပြောင်းရွှေ့ထားပြီး ဈာပနအတွက် စီစဉ်နေကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။