တနင်္သာရီ ရေဘေးဒုက္ခသည်တွေကို လူကယ်ပြန်ဝန်ကြီး ထောက်ပံ့

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ ဒီကနေ့မှာ တနင်္သာရီမြို့ကို သွားရောက်ခဲ့ပြီး ရေဘေး သင့်ပြည်သူ ၁၃၀၀၀ ကျော်အတွက် တပတ်စာ ဆန်ဖိုး ထောက်ပံ့ပေးခဲ့ပါတယ်။

တနင်္သာရီမြို့က ရေဘေးသင့်ပြည်သူတွေကို ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သြဂုတ်လ ၂၁ ရက်နေ့က ထောက်ပံ့ကူညီခဲ့စဉ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ ဒီကနေ့မှာ  တနင်္သာရီမြို့ကို သွားရောက်ခဲ့ပြီး ရေဘေးသင့်ပြည်သူ ၁၃၀၀၀ ကျော်အတွက် တပတ်စာ ဆန်ဖိုး ထောက်ပံ့ပေးခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းအစိုးရတွေ ထောက်ပံ့ပေးနေပေမဲ့  စားဝတ်နေရေးခက်ခဲတဲ့ ရေးဘေး သင့်ပြည်သူတွေအတွက် စာနပ်ရိက္ခာ လိုအပ်နေသေးတယ်လို့ တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ ကပြောပါတယ်။

"ရေဘေးသင့်ပြည်သူ ၁၃၇၁၈ ဦးအတွက်ကို ၇ ရက်စာ တစ်ဦးကို ၂၁၀၀ နှုန်းနဲ့ပေးပါတယ်၊ အစိုးရ ကလည်း ပေးတာ တစ်ကဏ္ဍပေါ့၊ ရေဘေးသင့်ပြောင်းရွှေ့စာရင်းရယ် ရေဘေးသင့်အခြေအနေ စိုးရိမ်တဲ့ ဦးစားပေးစာရင်းရယ်လောက်ပဲ ကျနော်တို့အနေနဲ့ ဝေငှနိုင်သေးတယ်၊ ကျန်တဲ့သူတွေ က ရေဘေးတော့ မသင့်ဘူး၊ ဒါပေမဲ့ ရေပတ်လယ်ဝိုင်းနေတဲ့အခါကျတော့ အလုပ်ထွက်လုပ်လို့မရဘူး၊ အဲလူတွေ နေ့စားအလုပ်သမားတွေရယ် စီးပွားရေးအရ ရပ်တည်ဖို့ ခက်ခဲတဲ့သူတွေကို ထောက်ပံ့နိုင်ဖို့ စားနပ်ရိက္ခာ လိုအပ်နေပါတယ်"

တနင်္သာရီမြစ်ရေဟာ လက်ရှိအချိန်မှာ ၂၇ပေကျော်အထိတက်နပြီး  အန္တရာယ်ရေမှတ်အထက် ၃ပေကျော် ရောက်ရှိပြီး  ရက်ပေါင်းလေးဆယ်အတွင်း  ဒုတိယအကြိမ် အန္တရာယ်ရေအမှတ်ထက်ကို ပြန် လည်ရောက်ရှိလာတာပါ။

တနင်္သာရီဟာ တတိယအကြိမ် ရေကြီးတာဖြစ်ပြီး ဒီတစ်ကြိမ်မှာ ပိုမိုဆိုးရွားခဲ့ပြီး ရေဘေးဒုက္ခသည်စခန်းတွေ သွားရောက်ခဲ့သူတွေ ပိုများခဲ့တယ်လို့ သိရပါတယ်။

ဒီလိုအန္တရာယ် ရေအမှတ်ထက် ရောက်ရှိနေတာကြောင့်  လူပေါင်း ၂၅၀၀၀ နီးပါး ရေဘေးသင့်နေပြီး လူဦးရေ ၇ထောင်ကျော်ဟာ နီးစပ်ရာဆွေမျိုးအိမ်တွေ ဘုန်တော်ကြီးကျောင်းတွေမှာ ရွေ့ပြောင်းနေထိုင်ကြ ပြီး ရေဘေးကြောင့် လူနှစ်ထောင် သေဆုံးခဲ့ရပါတယ်။

ဒီနေ့မှာဆိုရင် ဒေါက်တာဝင်းမြတ်အေးဟာ တနင်္သာရီမြို့မှာ မိုးအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူ ၃၀ ဦးအတွက်လည်း ထောက်ပံ့ကြေး ပေးအပ်ခဲ့ပါတယ်။