မူးယစ်ဆေး သိန်း ၇ ထောင်ကျော်ဖိုး ဖမ်းဆီးမိ


2015.03.04

မြန်မာကျပ်ငွေ သိန်းခုနှစ်ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်စိတ်ကြွဆေးပြားတွေနဲ့အတူ လက်နက်ခဲယမ်းတွေကို ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ တနင်္လာနေ့က ဖမ်းဆီးရမိခဲ့ပြီး မနေ့ကလည်း မူးယစ်ဆေးတွေ ထပ်မံဖမ်းဆီးရမိတယ်လို့ တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။

အခုနှစ်အတွင်း ဒုတိယအကြိမ် မူးယစ်ဆေးအများဆုံး ဖမ်းဆီးရမိခဲ့တာကတော့ တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စုထဲက ရန်ရှင်းကျေးရွာအနီး တာချီလိတ်နဲ့ တာလေ သွားကားလမ်းမပေါ်မှာ တားဆီးစစ်ဆေးခဲ့ရာက အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မူးယစ်ရဲတပ်ဖွဲ့က ရဲအုပ် အောင်ကျော်စိုးက RFA ကို ပြောပါတယ်။

မူးယစ်ဆေးနဲ့ လက်နက်တွေ သယ်ဆောင်လာသူဟာ အသက် ၃၈ နှစ်ခန့်ရှိတဲ့ လားဟူလူမျိုး ကျရှီးဘို ဆိုသူဖြစ်ပြီး ဒီကနေ့ဖမ်းမိတဲ့ ဘိန်းဖြူဘလောက်တုံးကတော့ တာချီလိတ်မြို့အထွက် လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်မှာ ရှာဖွေစစ်ဆေးစဉ် ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းမိတဲ့ လားဟူလူမျိုး ကျရှီးဘိုကိုတော့ လောလောဆယ် တာချီလိတ်မြို့မရဲစခန်းမှာ မူးယစ်စေတတ်ပြီး စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၁၅/၁၆(ခ) ၊ ၁၉(က)၊ ၂၂(ခ) တွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။