မူးယစ်ဆေးပြား အများအပြား ဖမ်းဆီးမိ


2016.05.29

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ကျပ်သိန်းပေါင်း၂၀၀ ကျော်တန်ဖိုးရှိတဲ့  WY စာတန်းပါ မူးယစ်ဆေးဝါးတွေ ကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ ပါတယ်။

ကွတ်ခိုင်မြို့အဝင်မှာ ကုန်တင်ကားတစ်စီးကို စစ်ဆေးရာကနေ ဆာလာအိတ်တွေထဲမှာ ထည့်ထား တဲ့ ဆေးပြားတွေကို ဖမ်းဆီးရရှိတာဖြစ်တယ်လို့ မူဆယ်ခရိုင် ရဲမှုးဦးတီခွန်လွန်းက ပြောပါတယ်။

"သတင်းအရ ကွက်ခိုင်မြို့အဝင်နားလေးမှာ ပူးပေါင်းဖမ်းဆီးတာပါခင်ဗျ၊ WY တံဆိပ် ဆေးပြားပေါင်းက အားလုံး သိန်းပေါင်း နှစ်ရာ့တစ်ဆယ်နဲ့ငါးသောင်းပါခင်ဗျ၊ သူက ကုန်ကားကြီးပေါ် ဆာလာအိတ်တွေနဲ့ တင်ပြီး စည်ပီပါခွံတွေနဲ့ဖုံးပြီး တင်လာတာပါခင်ဗျ"

အဲ့ဒီမူးယစ်ဆေးဝါးတွေကို ကွတ်ခိုင်မြို့ကနေ မန္တလေးမြို့ကို သယ်ဆောင်မယ်လို့ ခန့်မှန်းကြောင်း၊ မူးယစ်ဆေး သယ်ဆောင်သူကို ကွတ်ခိုင်ရဲစခန်းက မူးယစ်ဥပဒေပုဒ်မနဲ့ အရေးယူထားပြီး ကွင်းဆက်တွေကိုလည်း ဆက်လက်ဖော်ထုတ်ဖို့ စစ်ဆေးနေတယ်လို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း မူးယစ်ဆေးဝါးတွေ မကြာခဏဖမ်းဆီးရမိခဲ့ရာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က လားရှိုးမြို့မှာ ကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။