တိုင်းရင်းသားများ သုံးပွင့်ဆိုင်လိုလား

2016-07-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့က မိုင်ဂျာာယန်မှာ ကျင်းပစဉ်
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့က မိုင်ဂျာာယန်မှာ ကျင်းပစဉ်
Photo: sai zawm mone

စတုထ္ထနေ့ မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးက ဒီနေ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးကြရာမှာ သဘောတူညီချက်အချို့ ရခဲ့တယ်လို့ သိရပါတယ်။

တက်ရောက်လာတဲ့ ခေါင်းဆောင်ကိုယ်စားလှယ်များက နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်ချက်ထဲ မှာပါရှိတဲ့ ကိုယ်စားပြုမှုနဲ့ စုဖွဲ့မှု၊ ဆုံးဖြတ်ချက်ချတဲ့ပုံစံ ဆွေးနွေးမည့် အကြောင်းအရာတွေနဲ့ နိုင်ငံရေးဆွေးနွေးမှု ပုံစံအဆင့်ဆင့်ကို ညနေ ၅နာရီခွဲကျော်အထိ အပြန်လှန်ဆွေးနွေးကြရာ ဘုံသဘောထားတွေ စုစည်းခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီအထဲမှာ ၃ ပွင့်ဆိုင် ကိုယ်စားပြုမှုစနစ်အပေါ် ဆက်လက်အခြေခံသွားမယ်လို့ ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ မွန်ပြည်သစ်ပါတီ ဥက္ကဌ ဦးနိုင်ဟံသာက ပြောပါတယ်။

"အားလုံးလက်ခံလိုက်တာကတော့ အရင်တို့ရပ်တည်တဲ့ပုံစံအတိုင်း ၃ပွင့်ဆိုင်ပါပဲလို့၊ ၃ပွင့်ဆိုင်ဆိုတဲ့ အထဲမှာ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်က တစ်ပွင့်၊ နောက်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တစ်ပွင့်၊ နောက်ြပီးတော့ နိုင်ငံရေးပါတီတွေကတစ်ပွင့်၊ အဲ့အဓိက ၃ ပွင့်ကပဲ တက်ရောက်ဖို့နဲ့ ကျန်တဲ့အင်အားစုတွေ cso တွေကတော့ သက်ဆိုင်ရာ ကဏ္ဍတွေမှာ ဆက်လက်ပါဝင်ပြီးတော့မှ ဆွေးနွေး သွားမယ် ဆိုတဲ့သဘောထားမျိုးချမှတ်ပါတယ်"

ဆွေးနွေးမယ့် အကြောင်းအရာတွေကတော့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး၊ လုံခြုံရေးနဲ့ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒဆိုတဲ့ ခေါင်းစဉ်ကြီးငါးခုကို အဓိကထားဆွေးနွေးသွားဖို့ကိုလည်း ဘုံသဘော တူညီချက်ထဲမှာ ပါရှိတယ်လို့လည်း သိရပါတယ်။ ဒီနေ့ ဆွေးနွေးတာတွေဟာ စိုးရိမ်မှုတွေ ရှိကြတယ်လို့ ပအိုဝ်အမျိုးသားအဖွဲ့ချုပ် ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

"ဒီနေ့ ဆွေးနွေးတဲ့ အကြောင်းအရာတွေဟာ သူ့ဘက်ကိုယ့်ဘက် စိုးရိမ်စိတ်တွေရှိကြတယ်၊ တပ်မတော် ဘက်မှာ စိုးရိမ်မှုတွေရှိတယ်၊ အစိုးရမှာရှိတယ်၊ ကျနော်တို့မှာလည်းရှိတယ်၊ ဥပမာပြောရရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲအနိုင်ရလာတယ်၊ အရင်က တိုင်းရင်းသားအင်အားတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ဒီမိုကရေစီအရေး တိုင်းရင်းသားအရေးအတွက်ကို အပြန်အလှန် အားဖြင့် အားပြုခဲ့ကြတာ သို့သော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးသစ်ဖြစ်တဲ့အခါမှာ အစိုးရက အစိုးရလိုစဉ်းစားပြီးတော့၊ ဒါမှ မဟုတ်ရင် တပ်နဲ့ အစိုးရနဲ့က ပေါင်းပြီးတော့ ပြန်ပီး နှိပ်ကွမ်မလားလို့ စိုးရိမ်ချက်လည်းရှိတယ်၊ ထိုနည်းတူပဲ တပ်မတော်ဘက်က သူ့မှာလည်း စိုးရိမ်ချက်ရှိနိုင်တယ်"

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများရဲ့ မျက်နှာစုံညီအစည်းအဝေးကို ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေးအတွက် အကြိုညှိနှိုင်းရေးနဲ့ အနာဂတ်ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ နိုင်ငံရေးဘုံသဘောထားများရရှိရေးအတွက် ကျင်းပနေတာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို ၂၉ ရက်နေ့အထိ သတ်မှတ်ထားပေမဲ့ မပြီးပြတ်တာကြောင့် ဇူလိုင်လ ၃ဝ ရက်နေ့အထိ ဆွေးနွေးကြတာဖြစ်ပါတယ်။

ကွန်မင့်များ (3)
Share

ကကြီးမှနေ အ အထိ

ဦးသိန်းစိန်အစိုးရလက်ထက်အစိုးရကငြိမ်းချမ်းရေးကမ်းလှမ်းထဲက
လိုခြင်တာတွေ ဖြစ်ခြင်တာတွေ တစ်ခုပြီးတစ်ခုတောင်းနေတာ
အခုအမေစုလက်ထက်ကြတော့ အပွင့်ပြောင်းသွားပြန်ပြီ...။ ဒီအပွင့်တောင်ဦးသိန်းစိန်လက်ထက်ကပြောထားတဲ့အပွင့်နဲ့ အခုအပွင့်နဲ့ ကမတူတော့ပြန်ဖူး..တနေ့ တမျိုးလား တနှစ်တမျိုးလား
မရိုးနိုင်တဲ့သဘောရှိတယ်...မြန်မာ Alphabet ကကြီးကနေ အ အထိ တစ်ခုပီးတစ်ခုတောင်းနေတဲ့ သဘောရှိတယ်. ကြည့်ရတာ ၁နှစ်ကို Alphabetတခုနဲ့ ဘယ်နှစ်နှစ်လောက် ထပ်အချိန်ဆွဲပြီး လုပ်အုန်းမလဲမသိဖူး....

Jul 31, 2016 12:56 AM

အဓိနဲ့ သာမညကိုခွဲပါ

နေရပ်- အနှစ်ကိုဦးတည်လုပ်ဆောင်နိုင်ပါစေ

အပွင့်ကအရေးမကြီးပါဖူးတကယ်အဆုံးဖြတ်
ပြုနဲ့ သူတွေပါဝင်ဖို့ နဲ့ လက်နက်ကိုင်တိုင်း ရင်းသားတွေက ရိုးသားစွာငြိမ်းချမ်းရေး လိုခြင်ဖို့ ပဲ။တနည်းအားဖြင့်လူများပွဲ မစည် မဖြစ်ဖို့ လိုပါသည်။ဦးသိန်းစိန်၅နှစ်သက်
တမ်းကျော်ပီး ယခုအမေစုလက်ထက်ရောက် လာပါပီ။အကြောင်းစုံပြ လက်မှတ်မထိုးပဲ ကော်မတီ တွေဖွဲ့ နေပီးလူစုံအောင်တာဝန်တွေ ပေး အချိန်ဆွဲပီး ( ဂွမ်မော်ပီး နိုင်ဟံသာ နိုင်ဟံသာပီးတော့ ခူးရယ်နဲ့ ) အခုလည်း အပွင့်တွေအခက်တွေတမျိုးဖြစ်လာပြန်ပီ။
အစိုးရက A လုပ်ရင် B ။ B.ဆိုရင်Dမလုပ်ပါနဲ့ 
မိမိဘက်ကလည်းလျော့သင့်တာလျော့ပါ။
အကာတွေဆွေးနွေးညှိနိုင်းအချိန်ကုန်နေတာထက် ငြိမ်းချမ်းရေးကို ပြင်းပြစွာလိုခြင်မူ အနှစ်သာရ ကပိုအရေးကြီးပါသည်။ အနှစ်ကို ဦးတည်လုပ်ဆောင်နိုင်ပါစေ။

Jul 30, 2016 03:01 AM

အခုတမျိုး တော်ကြာတမျိုးမဖြစ်ပါစေနဲ့ 

နေရပ်- သို့ သော် ဖြစ်သင့်သည်က

အရင်တုန်းက ဒီမိုင်ဂျာယန်လက်နက်ကိုင် တိုင်းရင်းသားအုပ်စုတွေပဲတစိုက်မတ်မတ်စွဲကိုင် ပြောနေတာကအစိုးရရယ်ဒေါ်အောင်
ဆန်းစုကြည်ရယ်လက်နက်ကိုင်တိုင်းရင်း
သားတွေရယ်တဲ့
အခုဒေါ်အောင်ဆန်းစုကြည်ကအစိုးရဖြစ်သွားတော့ တပွင့်လျော့သွားပီဒီတော့အစိုးရ ရယ် လက်နက်ကိုင်တိုင်းရင်းသားရယ်ဖြစ်ရမှာပေါ့ထို့ အတူနိုင်ငံရေးပါတီ တွေတပွင့်ထပ်တိုးလာ တာအပြုသဘောနှင့်ပြောရလျှင်ကောင်းပါ
သည် သိုသော်ထိရောက် ဖို့ လိုပါသည်။
တကယ်ပြောရလျှင် တိုင်းရင်းသားလက်နက်
ကိုင်များသည်ပြည်သူရွေးချယ်းထားတာမ
ဟုတ်သည့်အတွက် တကယ်တိုင်းရင်းသား
နယ်မြေများကို ကိုယ်စားပြုသည့် စစ်ဒဏ်ကို
ခါးသီးစွာခံနေရသည့်သမာသမတ်ရှိသည့် ပြည်သူ့ ကိုယ်စားလှယ်များအနေဖြင့်တပွင့် ထပ်ပါသင့်ပါသည်။
တိုင်းရင်းသားဒေသရှိ CSO / လူ့ အခွင့်ရေး / LNGO အများစုသည် အထူးသဖြင့်လက်နက် ကိုင်တိုင်းရင်းသားကျောထောက်နောက်ခံပြုအဖွဲ့ များဖြစ်သဖြင့်သီးခြား လူမူရေးဖိုရမ်
( ပြည်နယ်တိုင်း အားလုံးပါသည့်)တွင်သာပါ ဝင်သင့်ပါသည်။

Jul 29, 2016 10:15 PM

ဆိုက်တခုလုံးသို့