ပညာရေးဌာနဘတ်ဂျတ် ၆ လအတွက် ဘီလီယံ ၈၀၀ တောင်း

2018-01-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကို ပြည်ထောင်စုလွှတ်တော်တွင် တွေ့ရစဉ်
ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကို ပြည်ထောင်စုလွှတ်တော်တွင် တွေ့ရစဉ်
Photo: RFA

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ ၆ လတာအတွက် ပညာရေး ဝန်ကြီးဌာနက အသုံးစားရိတ် ငွေကျပ် ဘီလီယံ ၈၀၀ ကျော်ကို ခွင့်ပြုပေးဖို့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တောင်းခံလိုက်ပါတယ်။

သင်ယူမှု အခွင့်အလမ်း မြင့်မားရေးနဲ့ အရည်အသွေးပြည့်ဝတဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အခုလို တောင်းခံတာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က လွှတ်တော်မှာ ပြောကြားပါတယ်။

"ပညာရေးဦးစီးဌာနအနေဖြင့် သင်ယူမှုအခွင့်အလမ်းများ မြင့်မားရေးနှင့် အရည်အသွေးပြည့်ဝသော ပညာရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေကြမ်းတွင် စုစုပေါင်း အသုံးစားရိတ် ၈၀၇.၁၄၆၅၅၂ ဘီလီယံတို့ကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကျ ထိရောက်ပွင့်လင်းမြင်သာစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှ စိစစ်ခွင့်ပြုနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါတယ်"

ဒါ့အပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာမြင့်ထွေး ကလည်း ဝန်ကြီးဌာနရဲ့၆ လတာ အသုံးစားရိတ်အတွက်  ကျပ်ဘီလီယံ ၄၀၀ ကျော်ကို ဒီကနေ့ တောင်းခံလိုက်ပါတယ်။

ဒါပေမယ့် ပညာရေးဝန်ကြီးဌာနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနှစ်ခုပေါင်းဟာ ကာကွယ်ရေး ဝန်ကြီးဌာနက တောင်းခံထားတဲ့ ကျပ်ဘီလီယံ ၁၃၃၀ ကျော်ထက် နည်းပါးနေသေးတာတွေ့ရပါတယ်။

၂၀၁၈ ခုနှစ်၊ ဧပြီလကနေ စက်တင်ဘာလအထိ ၆ လတာ ရသုံးမှန်းချေစာရင်းမှာ  ကျပ်ငွေ ၂၂၀၀ ဘီလီယံ နီးပါး လိုငွေပြနေတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးကျော်ဝင်းက ပြောထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့