ပညာရေးရန်ပုံငွေပွဲ သိန်း ၃၅ဝ ကျော် ရရှိ

ရန်ကုန်မြို့ MCC မြန်မာကွန်ဗင်းရှင်း စင်တာမှာ မနေ့က ကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲက ရတဲ့ ဝင်ငွေပမာဏကို စာရင်းမပိတ်ရသေးပေမယ့် အခုအချိန်အထိ မြန်မာ ကျပ်ငွေ ၂၁၅ သိန်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၁၅၅ဝ၊ ဂျပန်ယန်းငွေ ၁ သောင်း ရရှိထားပြီလို့ သိရပါတယ်။

2011.12.31
assk-concert-305 ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့က ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များဖြစ်သည့် ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး တို့ကို တွေ့ရစဉ်။
AFP

ရန်ပုံငွေပွဲ အမှတ်တရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်တွေ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံပါ အနီရောင်တီရှပ်ကို ကြမ်းခင်းဈေး ကျပ် သိန်း ၃ဝ နဲ့ လေလံပစ်ပါတယ်။

အဲဒီ တီရှပ်ကို ည ၈ နာရီက စပြီး စီးပွားရေးကုမ္ပဏီ ၆ ခု အပြိုင် လေလံဆွဲရာမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းတွေ တင်သွင်းတဲ့ Heavy Machinery Volvo ကုမ္ပဏီပိုင်ရှင် ဒေါ်မာလာဝင်းက ကျပ် ၁၂၅ သိန်း နဲ့ ဈေးအမြင့်ဆုံး ပေးပြီး ဝယ်ယူသွားပါတယ်။

နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပညာရေးက အရေးကြီးတာကြောင့် အခုလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေမှာ တဖက်တလမ်းက ပါဝင်ခွင့်ရတဲ့အတွက် ကျေနပ်မိတယ်လို့ ဒေါ်မာလာဝင်းက ပြောပါတယ်။

“MCC ခမ်းမက ကျမအိမ်ရှေ့ မျက်နှာချင်းဆိုင်မှာလေ။ အမေစုလည်း ကိုယ်တင်လာပြီး တက်တက်ကြွကြွနဲ့ ရန်ပုံငွေပွဲကို အားပေးလာတယ်။ ကျမလည်း မနေနိုင်တော့ဘူး။ အထဲကိုဝင်ပြီး သွားအားပေးတယ်။ ဒီ စတိတ်ရှိုးပွဲမှာ ခဏထိုင်ကြည့်ရင်းနဲ့ ကျမ လှူချင်တယ် ဘယ်လိုလှူရမလဲ စဉ်းစားနေရင်းနဲ့ ဒီအင်္ကျီ ၂ ထည်ကို လေလံပစ်မယ်၊ တထည်ကတော့ အမေစုဆီမှာ ထားပေးမယ်၊ တထည်ကတော့ အများဆုံး လှူတဲ့လူကို ပေးမယ်ဆိုတော့ လှူကြတာ တကယ်အားရဖို့ကောင်းတယ်။ ကျမလည်း ဝင်ပါလိုက်တာပေါ့။ ပညာရေးရန်ပုံငွေ ဆိုတော့ ကျမလည်း အရမ်းလှူချင်တယ်၊ အမေစုလည်း ဝမ်းသာကျေနပ်လိမ့်မယ်လို့ မျှော်လင့်တယ်။ နောက် အနုပညာသမားတွေကိုလည်း ချစ်ခင်လေးစားတဲ့အနေနဲ့ ဒီ အင်္ကျီလေးလည်း ရတယ်ပေါ့”

ဒေါ်အောင်ဆန်းစုကြည်က ဒေါ်မာလာဝင်းကို လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့မှာ ညစာနဲ့ တည်ခင်းဧည့်ခံပြီး အဲဒီ တီရှပ်ကို ပေးအပ်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-01 20:54

CONGRATULATION DAW MALARWIN!

Anonymous
2011-12-31 21:41

Good

Anonymous
2011-12-31 16:38

ဝမ်းသာပါတယ် အမေစု၇ဲ့ အောင်မြင်မူ အတွှက်