မဲပေးခွင့်ရှိသူ ၅ သန်းခန့် တိုးလာမည်
2019.01.09
ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်
လာမယ့် ၂၀၂၀ပြည့်နှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၅ သန်းခန့် တိုးလာ မှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။
ဒီကနေ့ နေပြည်တော်က Grand Amara ဟိုတယ်မှာကျင်းပတဲ့ မဲစာရင်းပြုစုခြင်း ဆရာဖြစ်သင်တန်း ဖွင့်ပွဲအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးခွင့်ရှိသူ ၃၄ သန်းနီးပါးရှိခဲ့ တာဖြစ်ပါတယ်။
မှန်ကန်တဲ့ မဲစာရင်းပြုစုနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လှုဝင်မှုကြီးကြပ်ရေး ဦးစီးဌာနစတဲ့ ဌာနတွေနဲ့ ပူပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှုနဲ့ ရွေးကောက်ပွဲ ရလဒ်ဟာ ပြည်သူ့ဆန္ဒနဲ့ တထပ်တည်း ဖြစ်ရမယ်ဆိုတဲ့ အချက် ငါးချက် ပေါ်မူတည်ဆောင်ရွက်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။









