ရွေးကောက်ပွဲကော်မရှင် အသစ်ပြန်ဖွဲ့ပေးဖို့ တောင်းဆို

2015-04-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး(အလယ်) စက်တင်ဘာလ ၇ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ မှာ နိုင်ငံရေးပါတီ ၃၅ ပါတီနဲ့ ဆွေးနွေးစဉ်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး(အလယ်) စက်တင်ဘာလ ၇ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ မှာ နိုင်ငံရေးပါတီ ၃၅ ပါတီနဲ့ ဆွေးနွေးစဉ်
Photo: Kyaw Zaw Win / RFA

တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့တဲ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ် သူ  ဦးတင်အေး ဦးဆောင်တဲ့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပေးဖို့ ဥပဒေပညာရှင်တွေ နဲ့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်က တောင်းဆို လိုက်ပါတယ်။

ပါတီနိုင်ငံရေးကင်းရှင်းသူတွေနဲ့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပေးဖို့ တောင်းဆို တာဖြစ်တယ် လို့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် ဦးဆောင် ကော်မတီဝင် ဦးကြည်ဝင်းက ပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင်ကို တရားမျှတပြီး သီလ၊ သမာဓိ၊ သိက္ခာနဲ့ ကိုက်ညီတဲ့ ပါတီနိုင်ငံရေး ကင်းရှင်းသူတွေနဲ့ ဖွဲ့စည်းမှ ရွေးကောက်ပွဲကတရား မျှတမယ်၊ လွတ်လပ်မယ်လို့ ယုံကြည် ပါတယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၈ အပိုဒ်( ခ )နဲ့မညီဘူး၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅ နဲ့မညီညွတ်ဘူး၊ ဒါကြောင့်ပြန်လည်ပြင်ဆင် ဖွဲ့စည်းပေးပါ လို့ ပြည်ထောင်စုလွှတ်တော် နဲ့ နိုင်ငံတော်သမ္မတ ကိုတောင်းဆိုတာပါ၊ ဒီနေ့လုပ်တဲ့ပွဲက ရရှိတဲ့လက်မှတ်တွေကို ဧပြီလမကုန်ခင်ရောက်အောင်ပို့ပေးမှာပါ"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့အတွက် တောင်းဆိုတဲ့ လက်မှတ်ကောက်ခံပွဲကို ရန်ကုန်မြို့တာမွေမြို့နယ်မှာ ဒီနေ့ ကျင်းပခဲ့ရာ အခမ်းအနား တက်ရောက်လာသူ ၂၀၀ လောက်က လက်မှတ်ရေးထိုးခဲ့ တယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားမှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ နဲ့ ဦးသိန်းသန်းဦးတို့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ အကြောင်း ဟောပြောခဲ့ပါတယ်။

ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကောက်ခံထားတဲ့လက်မှတ် ၂ထောင်ကျော် ကို နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု လွှတ်တော်ထံ ပေးပို့ထားပြီး ဖြစ်ပါတယ်။

ကွန်မင့်များ (4)
Share

Chan Nyein

နေရပ်- Myanmar

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈ ရွေးကောက်ပွဲကော်မရှင် ပုဒ်မ ၅ မှာပါတဲ့ အရည်အချင်းတွေနဲ့ကြည့်လိုက် လို့ရှိရင် လက်ရှိကော်မရှင်ဟာ တရားမဝင်ဘူး၊ ဒီလိုဆိုရင် ပြောစရာက တရားမဝင်တဲ့ကော်မ ရှင်တစ်ရပ်က ဘယ်လိုလုပ်ပြီးတော့ တရားဝင်တဲ့ ရွေးကောက်ပွဲတစ်ရပ်ကို လုပ်ပေးမှာလဲ၊ ၂ဝ၁၅ ရွေးကောက်ပွဲကြီး ဟာ တိုင်းပြည်အတွက် တိုင်းပြည်ရဲ့ အနာဂတ်အတွက် သိပ်ကိုအရေးကြီးတဲ့ ရွေးကောက်ပွဲကြီး၊ အဲ့သလိုရွေးကောက် ပွဲကြီးကို ကျင်းပပေးမယ့် တာဝန်ခံလုပ်ကိုင်ပေးမယ့်ပုဂ္ဂိုလ် ဟာ သူကိုယ်တိုင်က တရားဝင်ဖို့လိုတယ်။

Apr 05, 2015 07:51 PM

Nyein Chan

နေရပ်- Myanmar

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ဦးဆောင်သူတွေနဲ့ အဖွဲ့ဝင်တွေဟာ တပ်မတော်မှာ ထိပ်ပိုင်းတာဝန်ယူ ထမ်းဆောင်ခဲ့ကြသူတွေဖြစ်တဲ့အပြင် လက်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာလည်း ထိပ်ပိုင်းနေရာ တာဝန်ယူထားသူတွေ ဖြစ်တဲ့အတွက် ကော်မရှင်အကြီးအကဲတွေအဖြစ် မျှတအောင် ဘယ်လို ဖြစ်လို့ တာဝန်ယူနိုင်မှာလဲ။ ခြေ/ဥ ကို လေးစား လိုက်နာပါမယ်လို့  ဂတိ သစ္စာ ပြုထားကြတဲ့ လူတစ်စု လုံး လေးစားလိုက်နာမှုမရှိ လို့ ပေါ့။ ခြေ/ဥ ပြဌါန်းချက် ဥပဒေကို သူတို့  ချိုးဖေါက်တာကြတော့ ဦးသိန်းစိန် မသိခြင်ဟန်ဆောင်နေကြတယ်။

Apr 05, 2015 07:46 PM

Lu Hman

နေရပ်- Myanmar

ခြေ/ဥ ကို လေးစား လိုက်နာပါမယ်လို့  ဂတိ သစ္စာ ပြုထားကြတဲ့ လူတစ်စု လုံး လေးစားလိုက်နာမှုမရှိ လို့ ပေါ့။ ခြေ/ဥ ပြဌါန်းချက် ဥပဒေကို သူတို့  ချိုးဖေါက်တာကြတော့ မသိခြင်ဟန်ဆောင်နေကြတယ်။ အမှန် အရှက် ရှိ၇င် ကိုယ်.ဟာကိုယ် နှုတ်ထွက်သင့်တယ်။ ကဲ သမတ နဲ့  အကြံပေး အဖွဲ့  ဘာဆက်လုပ်မှာလဲ။ လက်ရှိ အစိုးရ နဲ့  စစ်တပ်ကို ကာကွယ်ပြီး ဒီမိုကရေစီ လှုပ်ရှား သူတွေ ကို တော့ အမြဲ ပုပ်ခတ် ရေးနေတဲ့ ဟိုလူ ကတော့ မျက်စေ့ စုံမှိတ်ပြီး ဘယ်လို ရေးဦးမှာလဲ။

Apr 05, 2015 07:32 PM

လာ မထိနဲ့

နေရပ်- မီးပွင့်သွားမယ်

“ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၈ အပိုဒ်( ခ )နဲ့မညီဘူး၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅ နဲ့မညီညွတ်ဘူး၊ “
ကြံ့ဖွံ့ နဲ့ စစ်ခေါင်းဆောင်တွေက “ကင်းလွတ်ခွင့်”ရထားတဲ့ “အခွင့်ထူးခံ”တွေပါ။

Apr 05, 2015 07:05 PM

မသိလို့

နေရပ်- မေးရတာပါ

ကြံ့ဖွံ့ နဲ့ စစ်ခေါင်းဆောင်တွေက “ကင်းလွတ်ခွင့်”ရထားတဲ့ “အခွင့်ထူးခံ”တွေဆိုတော့ သူတို့ “တရုတ်”တွေလား။

Apr 06, 2015 04:37 PM

You have Question

နေရပ်- I have Answer

“တရုတ်”တော့ မဟုတ်နိုင်ပါဘူး။
“ဘယုတ်”တွေပဲ ဖြစ်မှာပါ။

Apr 07, 2015 04:24 PM

ဆိုက်တခုလုံးသို့