ကြားဖြတ်ရွေးကောက်ပွဲမှာ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်ကြားမယ်

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်တွေ ရှိခဲ့တာကိုတွေ့ရလို့ ဒီကိစ္စတွေကို တိုင်ကြားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒီနေ့ ကြေညာလိုက်ပါတယ်။

2012.04.06
usdp-dr-soe-min-b305 ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒေါက်တာစိုးမင်းဖြစ်ပါသည်။
RFA

ဥပဒေက သတ်မှတ်ထားတဲ့ အတိုင်းအတာထက်ကျော်ပြီး မဲရုံပတ်ဝန်းကျင်တွေမှာ အနီးကပ်မဲဆွယ်ခဲ့တဲ့ လုပ်ရပ်မျိုးတွေအပါအဝင် အခြားဖြစ်ရပ်တွေ တွေ့ရှိထားတယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်တွေကို ရန်ကုန်မြို့တွင်းက အဓိကကျတဲ့ နေရာတချို့မှာရော ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့တဲ့ ကော့မှူးမြို့နယ်က တချို့နေရာတွေမှာ တွေ့ရှိထားတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဆိုပါတယ်။

ဒါပေမယ့် အခုလို တိုင်ကြားမယ့် ကိစ္စဟာ အတိုက်အခံပါတီတစ်ခုကို ရည်ရွယ်တာမဟုတ်ပဲ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို လက်မခံတာလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တစ်ယောက်ဖြစ်သူ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက သတင်းထောက်တွေကို ပြောတယ်လို့ သိရပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာစိုးမင်းကလည်း ရွေးကောက်ပွဲနေ့က သူ့ရုံးခန်း အရှေ့မှာ လူတစ်စုက NLD အလံတွေဝှေ့ရမ်းခဲ့တယ်။ ဒါပေမယ့် အဲဒီလူတွေက NLD ပါတီဝင်တွေ ဟုတ် မဟုတ် ဆိုတာတော့ သူ့အနေနဲ့ အတိအကျမပြောနိုင်ဘူး လို့ဆိုပါတယ်။

ဒါ့အပြင် မဲဆန္ဒရှင်ကိုယ်စား မဲရုံမှူးတွေက မဲစာရွက်မှာ ခြစ်ပေးတဲ့ သက်သေနှစ်ခုလည်း အခိုင်အမာ ရထားတယ်လို့ ဒေါက်တာစိုးမင်းကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-07 16:33

ကြံဖွတ်ပါတီအနေဖြင့်မိမိရှုံးတဲ့အကြောင်းအရာကိုထပ်ပြီးမလိမ်ချေင်ပါ။

Anonymous
2012-04-06 23:08

ကွဲပြီးသားအရှက်ကို ထပ်ကွဲချင်ကြတာကို.......

Anonymous
2012-04-06 12:34

လူ..ဗျို့လူ.. ဖမ်းကြပါ..ဆီးကြပါ.. (ယခုအော်နေသူမှာ သူခိုးဖြစ်ပါသည်။)

Anonymous
2012-04-07 00:52

Sout yuu Soe Min < stupid man

Anonymous
2012-04-06 09:54

အင်း... မင်းတို့ အခုစိတ်ဆိုးတတ်ပြီပေါ့။ ငါတို့လို နှစ်နှစ်ဆယ်ကျော် သီးခံနိုင်အောင် ရင့်ကျက်ပါ.

Anonymous
2012-04-06 21:44

PHOOT

Anonymous
2012-04-06 21:46

အာပေါင်အာရင်းသန်သန်နဲ့ဟုတ်တာကော၊မဟုတ်တာကော၊တောင်ပြောမြောက်ပြော၊ပြောတတ်သူပဲ၊
ကိုစိုးမင်းအနေနဲ့ကိုယ်အရှုံးပေးခဲ့ရတဲ့သူက၊လက်ရှိမြန်မာပြည်နိုင်ငံရေးမှာတုနှိုင်းလို့မရတဲ့သူဖြစ်နေတဲ့သူ၊ကိုယ်ထဲ့အဆပေါင်းများစွာတိုင်းပြည်အပေါ်ပိုအကျိုးပြုနိုင်တဲ့သူပါ၊အဲလိုလူမျိုးကိုအရှုံးပေးရတာဂုဏ်မငယ်ပါဘူး၊ အကောင်းဆုံးကဟိုပြောဒီပြောလျှောက်ပြောနေမဲ့အစား၊ စေတနာဆရာဝန်ပြန်လုပ်နေသင့်ပါတယ်။