အထွေထွေရွေးကောက်ပွဲ ၂၀၁၅ အောက်တိုဘာလကုန် ကျင်းပမည်

2014-10-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပတ် ဒါမှမဟုတ် နိုဝင်ဘာလ ပထမအပတ်ထဲမှာ ကျင်းပသွား မယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာ မှာ ပြောကြားလိုက်ပါတယ်။

အဲဒီ တွေ့ဆုံပွဲကို ရန်ကုန်မြို့ မီကာဆာဟိုတယ် မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အရပ်ဖက်အဖွဲ့အစည်းပေါင်း ၃၀ လောက် တက်ရောက်ခဲ့ပါတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေက၂၀၁၅ ရွေးကောက်ပွဲမတိုင် မီ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပညာပေးအစီစဉ်တွေ ကို ဆောင်ရွက်လိုတဲ့အကြောင်းကို ဆွေးနွေးပွဲမှာ တင်ပြခဲ့တယ်လို့  New Myanmar Foundation ရဲ့ ရွေးကောက်ပွဲအကြံပေး ဒေါ်မြနန္ဒာသင်းက RFA ကို ပြောပါတယ်။

"ကျမတို့ ဒီအရပ်ဖက် အဖွဲ့အစည်းတွေထဲမှာလည်း မဲဆန္ဒရှင် ပညာပေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားတဲ့အဖွဲ့တွေ ရှိတယ်လေ၊ ရှိတဲ့အခါကျတော့ ဘယ်လိုပူးပေါင်းပြီးလုပ်ရင်ကောင်းမလဲပေါ့၊ အဲဒါလေးတွေကို ဆွေးနွေးတဲ့သဘောပါ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ဒီမှာပါဝင်မယ်ဆိုရင် ကျမတို့က ပညာပေးအခန်းကဏ္ဍတွေမှာ လူထုကို မဲစာရင်းသွားကြည့်အောင်၊ နာမည်ပါ မပါစစ်ဆေးဖို့၊ ဒါမျိုးလှုံ့ဆော်မှုတွေ ပညာပေးအခန်းကဏ္ဍတွေကို လုပ်မှာပေါ့နော်"

ဒါအပြင် လာမယ့် နိုဝင်ဘာလက စတင်ပြီး ရန်ကုန်နဲ့ မန္တလေးမြိုတွေမှာ မဲပေးနိုင်သူ စာရင်းကောက်တာတွေကို စတင်ဆောင်ရွက်မှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောသွားပါတယ်။

ဆွေးနွေးပွဲမှာ အရပ်ဖက်အဖွဲ့အစည်းတွေက ၂၀၁၅ ရွေးကောက်ပွဲမှာ မဲရုံတွေကို တရားဝင်စောင့်ကြည့်ခွင့်ရရေး အတွက် တင်ပြတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီအတွင်း မနေ့က လွှတ်တော်ကိုတက်ရောက်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က လာမယ့်ရွေးကောက်ပွဲအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ပြောကြားခဲ့ရာမှာ

"ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ဘာအတွက်ထူထောင်ခဲ့သလဲဆိုတာကို အဖွဲ့ချုပ်ဝင်တွေ ကမေးကြတယ်၊ ဘာအတွက်ထူထောင်ခဲ့သလဲဆိုတာ ၁၉၉၈ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့တာ ဒီမြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးအတွက် အာဏာရှင်စနစ်ပြန်လည်ပြီးတော့ အမြစ် မတွယ်ရေးအတွက်ဆိုပြီးတော့ အဲ့ဒီရည်ရွယ်ချက်နဲ့ ထူထောင်ခဲ့တာ၊ အဲ့ဒါဟာ အဓိကရည်ရွယ်ချက် ပဲ၊ ရွေးကောက်ပွဲတွေဝင်တယ် ဆိုတာဟာ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ကိုနော်၊ ကိုယ့်လူတွေနေရာရဖို့ ကိုယ့်လူတွေရာထူးအဏာရဖို့ ဒါကိုကန့်ကွက်ပါတယ်၊ မူလကတည်းက ဒီအဖွဲ့ကိုထူထောင်ခဲ့တဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်အောင်လို့ ဒီမိုကရေစီနည်း ကျကျ ရွေးကောက်ပွဲဝင်မှာဖြစ်တယ်"

ဒါ့ပြင် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ရုံတင်မကပဲ သတ်မှတ်ထားတဲ့အချိန်မှာ ကျင်းပပေးဖို့လိုအပ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ အရပ်ဖက်အဖွဲ့အစည်းတွေက ၂၀၁၅ ရွေးကောက်ပွဲမှာ မဲရုံတွေကို တရားဝင်စောင့်ကြည့်ခွင့် ရရေးအတွက် တင်ပြတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရုံတင်မကပဲ သတ်မှတ်ထားတဲ့အချိန်မှာ ကျင်းပပေးဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲကို အကြောင်းတစုံတရာကြောင့် ရွှေ့ဆိုင်းမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုမှတ်ချက်ပေးလိုပါသလဲလို့ ဒီကနေ့ လွှတ်တော်မှာ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က ဖြေကြားခဲ့တာပါ။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး New Myanmar Foundation ရဲ့ ရွေးကောက်ပွဲအကြံပေး ဒေါ်မြနန္ဒာသင်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

president- shwe mann
foreign minister- su kyi
home minister--former general...

Oct 21, 2014 12:18 AM

ဆိုက်တခုလုံးသို့