ရွေးကောက်ပွဲဥပဒေ သင်တန်းတွေ စတင်ပို့ချ


2015.05.07
election-commission-305 ရန်ကုန်မြို့၊ တာမွေမြို့နယ် Sky Star ဟိုတယ်မှာ မေလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံကြစဉ်
Photo: RFA

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက် ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ ကို ဒီနေ့ကစပြီး အလှည့်ကျစနစ်နဲ့ နေပြည်တော် မှာ နှစ်ရက်ကြာ သင်တန်းတွေ ပို့ချနေပါတယ်။

ကြိုတင်မဲပြဿနာတွေနဲ့ ရွေးကောက်ပွဲအငြင်းပွားမှုတွေ အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သင်တန်း တက်ရောက်နေတဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဒုတိယ ဥက္ကဌ ဦးတင်ဆွေက ပြောပါတယ်။

"ရွေးကောက်ပွဲ မဲဆွယ်ကာလအကြောင်းရယ်၊ အဓိကက ၂ဝ၁ဝ လို အဖြစ်မခံနိုင်ဘူး ကြိုတင်မဲကိစ္စကို အဓိကထားပြီးပြောတာ"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေး ပါတီတွေကို ဖိတ်ကြားပြီး သင်တန်းပေးတာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး ပထမအသုတ်အနေနဲ့ ဒီနေ့ နိုင်ငံရေးပါတီ ၁၀ခုက ခေါင်းဆောင်တွေကို ဖိတ်ကြားရာမှာ ပါတီ ၉ခုက ခေါင်းဆောင်တွေ တက်ရောက် ခဲ့ပါတယ်။

ဒီနေ့ သင်တန်းကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ၀ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ကရင်ပြည်သူ့ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ စတဲ့ ပါတီ ၉ ခုက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီက တက်ရောက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။