လျှပ်စစ်မီး နာရီတိုးရရှိရေး တောင်းဆိုကြမည်

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် အမာမြို့နယ်မှာ လျှပ်စစ်မီးပေးနေရာမှာ အစိုးရဖက်က ပြည်သူတွေအပေါ် ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ဒေသခံတွေက တောင်းဆိုချက် (၅) ချက်နဲ့ ဒီလ (၂၃) ရက်နေ့မှာ တောင်းဆိုဆန္ဒပြမယ်လို့ သိရပါတယ်။

2012.11.21

အခုလိုဆန္ဒပြရတာဟာ ဒေသခံပြည်သူတွေထံကနေ ကောက်ခံထားတဲ့ငွေကြေးတွေကို မြို့နယ်လျှပ်စစ်ဌာနက စာရင်းဇယား မပြသနိုင်တဲ့အတွက် ဆန္ဒပြတောင်းဆိုမှာဖြစ်တယ်လို့ မီးရရှိရေးအဖွဲ့ဝင် ကိုဇော်ဝင်းက RFA ကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က စတင်ပြီး မြို့နယ်လျှပ်စစ်မီးပေးဝေရေးနဲ့ အမာဒေသခံတွေ ပူးပေါင်းပြီး တစ်နေ့ကို နှစ်နာရီ မီးပေးဝေခဲ့ကြပါတယ်။

မြို့နယ်လျှပ်စစ်ဌာနဖက်က မီးစက်နဲ့ ဒေသခံတွေက မီးစက်မောင်းဖို့ ဆီဖိုးစိုက်ထုတ်ပြီး လျှပ်စစ်မီး ရယူခဲ့ကြပေမယ့် မြို့နယ်လျှပ်စစ်ဌာနရဲ့ မီးစက်ဖိုး ငွေကြေးကောက်ခံပြီး ဆီသုံးစွဲမှုစာရင်း တောင်းယူရာမှာ မြို့နယ်လျှပ်စစ်ဌာနက ဖြေရှင်းမပေးနိုင်တဲ့အတွက် အခုလို တောင်းဆိုဆန္ဒပြမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။