တရားစွဲခံထားရတဲ့ သံဃာ ၅ ပါးကို ရုံးထုတ်


2014.07.04
uoaktaya-305 ဇူလိုင်လ ၄ ရက်နေ့က ရန်ကုန်တိုင်း တာမွေမြို့နယ်တရားရုံး တတိယအကြိမ်မြောက်ရုံးချိန်းကို အင်္ဂလန်ဆရာတော် ဦးဥတ္တရ ကြွရောက်လာစဉ်
Photo: Kyaw Htoon Naing, Kyaw Lwin Oo/RFA

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်အရေးနဲ့ ပတ်သက်ပြီး သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲခံထားရတဲ့ အင်္ဂလန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို ဒီနေ့ တာမွေမြို့နယ် တရားရုံးမှာ တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ တရားရုံးချိန်းအပြီး အင်္ဂလန်ဆရာတော် ဦးဥတ္တရ က တရားရုံးချိန်းတွေနဲ့ ပတ်သက်လို့ အခုလို မိန့်ကြားပါတယ်။

"တချို့မေးခွန်းတွေမှာ အပိတ်ခံထားရတာတွေ ရှိတယ်၊ မေးလို့မရတဲ့ မေးခွန်းမျိုးတွေ မဆိုင်ဘူး ဆိုပြီးတော့ ဒါမျိုးတွေပစ်ထားတဲ့အတွက်ကြောင့် ဘုန်းကြီးရဲ့ခံစားချက်ကို ပြောရမယ်ဆိုရင် အရင်တစ်ပတ်ထက်စာရင် ဒီတစ်ပတ်က ရှေ့နေတွေ အကျိုးဆောင်တွေရဲ့ မေးခွန်းတွေဟာ ပိုပြီးတော့ ဖိအားပေးခံနေရတာဟာ ဘုန်းကြီးတို့တရားရုံးမှာ ထိုင်နေတဲ့အခါမှာ ဒီလိုပဲခံစားရပါတယ်၊ တစ်ယောက်ယောက်ကနေပြီးတော့ ဖိအားပေးနေသလားလို့ ဒီလိုခံစားရနေတာတွေတော့ ဘုန်းကြီးတို့မှာဖြစ်ပေါ်နေတယ်၊ ဘယ်လောက်အတိုင်းအတာအထိ တရားစီရင်မှု လွတ်လပ်လာမလဲဆိုတာတော့ ဘုန်းကြီးတို့ မသိသေးဘူး"

မဟာသန္တိသုခကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ အင်္ဂလန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ  ၄ ပါးကို ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ညက သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သာသနာ ညိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီနေ့ တရားရုံးချိန်းမှာ သံဃာ ၂ ပါးကို အပြီးသတ်စစ်ဆေးခဲ့ပြီး ကျန်တဲ့ သံဃာ ၃ ပါးကို လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ စစ်ဆေးဖို့ ရက်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။