တိုင်းရင်းသား ဒီဂရီကောလိပ် မန္တလေးကို ပြောင်းရွှေ့ဖို့ တောင်းဆို

2013-02-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
စစ်ကိုင်းကနေ မန္တလေးကို လာရောက်ဆန္ဒပြနေသော တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ်က ကျောင်းသားများကို တွေ့ရစဉ်
စစ်ကိုင်းကနေ မန္တလေးကို လာရောက်ဆန္ဒပြနေသော တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ်က ကျောင်းသားများကို တွေ့ရစဉ်
Photo: RFA/San Oo

စစ်ကိုင်းတိုင်း ရွာသစ်ကြီးမှာရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကို မူလနေရာ မန္တလေးမှာ ပြန်လည်ဖွင့်လှစ်ပေးဖို့အတွက် အဲဒီကျောင်းက ကျောင်းသားတွေဟာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ဖေဖော်ဝါရီလ ၂၄ ရက် ဒီကနေ့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ကျောင်းကိုမူလနေရာ မန္တလေးနားမှာပဲ ထားရှိသင့်တယ်ဆိုတဲ့ အကြောင်းကိုတော့ ပထမနှစ်ကျောင်းသား ကိုလှထွန်းက RFA ကို အခုလို ပြောပါတယ်။

"ပြည်ထောင်စုကြီးကို စည်လုံးညီညွှတ်အောင် အကောင်အထည်ဖော်တဲ့ ကျောင်းလည်းဖြစ်တယ်၊ ဒီကျောင်းကြီး စိမ်းလန်းစိုပြေအောင် ကျောင်းသားတွေက ၁၂ နှစ်တိုင်တိုင် ပြုစုပျိုးထောင်ခဲ့တဲ့ ကျောင်းလည်းဖြစ်တယ်၊ မြန်မာနိုင်ငံက ပွင့်လင်းမြင်သာပြီးတော့ စည်းလုံးညီညွှတ်ခြင်းကို လက်တွေ့ပြနိုင်တဲ့ နေရာဖြစ်တဲ့အတွက် မူလနေရာမှာပဲ တည်ရှိနေသင့်ပါတယ်"

သူတို့ရဲ့ တောင်းဆိုချက်တွေကို သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မနေ့က တင်ပြခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကို မူလက မန္တလေး၊ အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာမှာ ဖွင့်လှစ်ခဲ့ပြီး၊ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာလက စစ်ကိုင်း၊ ရွာသစ်ကြီးကို ပြောင်းရွှေ့ခံခဲ့ရတာလို့ သိရပါတယ်။

အဲဒီကောလိပ်ဟာ မူလက နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိခဲ့ပြီး၊ အခုအခါ ပညာရေးဝန်ကြီးဌာန လက်အောက်ကို လွှဲပြောင်းထားတာဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

kokmk

နေရပ်- ygn

ဘာမှမသိဘဲ ထင်ရာမပြောနဲ.၊

Feb 24, 2013 11:02 PM

ဆိုက်တခုလုံးသို့