သမ္မတရဲ့ဝန်ကြီးဌာန အမည် ပြောင်းလဲရေးအဆို ကိုယ်စားလှယ် ၅ ဦး ကန့်ကွက်

2016-05-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲမှုကို  မေလ ၂၃ ရက်နေ့က  ပြည်ထောင်စုလွှတ်တော်မှာ  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောယှားဖောင်အွား ပါဝင်ဆွေးနွေးစဉ်
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲမှုကို မေလ ၂၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောယှားဖောင်အွား ပါဝင်ဆွေးနွေးစဉ်
Photo: Win Ko Ko Latt/ RFA

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲမှုကို ကိုယ်စားလှယ် ၅ ဦးက မတ်တပ်ရပ် ကန့်ကွက်ခဲ့ကြပါတယ်။

ကန့််ကွက်သူ ၅ ဦးထဲက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောယှားဖောင်အွားက တိုင်းရင်းသား ဆိုတဲ့စကားမှာ ပြည့်စုံပြီးသားဖြစ်တဲ့အတွက် လူမျိုးဆိုတာကို ဖြည့်စွက်စရာမလိုကြောင်း မူလအတိုင်းသာ ထားသင့်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက သမ္မတရဲ့ တင်ပြချက်ကို အတည်ပြုဖို့ လွှတ်တော်ရဲ့ သဘောထား မေးမြန်းရာမှာ ကိုယ်စားလှယ် ၅ ဦးက မတ်တပ်ရပ်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

"တိုင်းရင်းသားဆိုတဲ့ စကားရပ်ကို အဓိပ္ပါယ်ဖွဲ့ဆိုလိုက်ရင် ပြည့်စုံပြီးသားဖြစ်ပါတယ်၊ လူမျိုးများထည့်စရာ မလိုပါဘူး၊ တိုင်းရင်းသားတို့လို့ ဆိုလိုက်တာနဲ့ လူမျိုးများဆိုတာ ပါပြီးသားဖြစ်ပါတယ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ မှာနေတဲ့ တိုင်းရင်းသားလို့ ပြောလိုက်တာနဲ့ တိုင်းရင်းသား ၈ မျိုးထဲမှာမှ တိုင်းရင်းသားလူမျိုးစုအားလုံး ပါဝင်ပြီး သားဆိုတာ တွေ့ရှိရမှာဖြစ်ပါတယ်၊ တိုင်းရင်းသားဟူသော စကားရပ်သည် အဓိပ္ပါယ်ပြည့်စုံပြီးသားဖြစ်ပြီဟု ကျနော်တို့ယူဆပါတယ်၊ လူမျိုးများဆိုသော စကားရပ်သည် အဓိပ္ပါယ်လျေ့ပါးစေသည်ဟု ယူဆပါတယ်"

ပြည်ထောင်စုလွှတ်တော်မှာ ပုံမှန်အားဖြင့် မတ်တပ်ရပ်ကန့်ကွက်တာ မရှိသလောက်ဖြစ်ပြီး လက်ရှိလွှတ်တော် သက်တမ်းအတွင်း တပ်မတော်သားကိုယ်စား လှယ်တွေအားလုံးက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးစဉ်က အားလုံးမတ်တပ်ရပ်ကန့်ကွက်ခဲ့ဖူးပါတယ်။

ကွန်မင့်များ (2)
Share

ဘာကြောင့် ရပ် ရပ်

နေရပ်- လမ်းဘေးချ ရပ်

အခေါ်အဝေါ်က အဓိက လား ၊ အကျိုး ပြုလုပ်ငန်းတွေ ဖေါ်ဆောင်ဖို့က အဓိက လား ။
ကိုယ့်ကို လူမြင်အောင် " ရပ် " ပြတာ " လူလုံးပြ " တာပဲ ရှိတယ်။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

May 23, 2016 10:35 AM

အမည်မဖော်လိုသူ

good point....

May 23, 2016 09:18 AM

ဆိုက်တခုလုံးသို့