အီးယူနဲ့ အာဆီယံ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေစေလွှတ်
2012.03.28
အဖွဲ့ဝင် အနည်းငယ်ပါတဲ့ အီးယူ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဟာ တခြားအီးယူနိုင်ငံတွေက သံတမန်တွေနဲ့အတူ ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ကို လေ့လာကြည့်ရှုကြမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အလားတူပဲ အာဆီယံကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဟာ မနေ့က မြန်မာနိုင်ငံကို ထွက်ခွာသွားပါပြီ။ အာဆီယံအတွင်းရေးမှူး ကိုယ်စား နိုင်ငံတကာဆက်ဆံရေး ညွန်ကြားရေးမှူး Dr.Mely Anthoy ဦးဆောင်တဲ့အဖွဲ့မှာ ထိုင်း PBS အသံလွှင့်ဌာနက သတင်းထောက်တစ်ဦး၊ အာဆီယံ ရုပ်သံ သတင်းထောက်တစ်ဦးနဲ့ Channel News Asia သတင်းဌာနက သတင်းထောက်တစ်ဦးတို့ လိုက်ပါသွားကြပါတယ်။









