ခရီးသွားလာခွင့် ပိတ်ပင်ထားမှု အီးယူ ရုပ်သိမ်း

ဥရောပသမဂ္ဂ အီးယူက မြန်မာအစိုးရ ခေါင်းဆောင်တွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေထဲက ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို ဒီကနေ့ တရားဝင် ရုပ်သိမ်းလိုက်ပါတယ်။

2012.02.17
catherine-ashton-eu-b305 ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာန အကြီးအကဲ မစ္စ Catherine Ashton ပုံ
European Commission web site

ဥရောပသမဂ္ဂက ခရီးသွားလာခွင့်ပြုလိုက်တဲ့ ၈၇ ဦး စာရင်းထဲမှာ သမ္မတဦးသိန်းစိန်နဲ့အတူ ဒုတိယသမ္မတတွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတွေ ပါဝင်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေကိုလည်း ခရီးသွားလာခွင့်ပြုလိုက်ပါတယ်။

အဲဒီလို ခရီးသွားလာခွင့် ပိတ်ပင်ထားတာကို ပြန်လည် ရုပ်သိမ်းလိုက်ပေမယ့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ပင်မှုကိုတော့ အီးယူက ဆက်လက် ထားရှိဆဲလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ သမိုင်းဝင် အပြောင်းအလဲတွေကို မြင်တွေ့နေရပြီး ဆက်လက်ပြီးတော့လည်း ဒီထက်မက ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ မိမိအနေနဲ့ တိုက်တွန်း လိုက်ပါတယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာန အကြီးအကဲ မစ္စက် Catherine Ashton က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ပြောင်းလဲမှုတွေဟာ ရှေ့ဆက် တိုးတက်လာမယ်ဆိုရင် နောက်ထပ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ရှိကြောင်းလည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-19 03:38

အေးဗျာ မြန်မာသံရုံးတွေဆိုလည်း စုပ်ပြတ်သပ်ပြီး ဂိုထောင်ကြီးတွေလားပဲ

Anonymous
2012-02-17 02:22

ဒီသတင်းကိုဖတ်ရတော့ ကမ္ဘာ့ အလယ်မှာ မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေ
အစားရှက်မိပါတယ်။သူတို့ တွေကြောင့်မို့ လို့ 
မြန်မာနိုင်ငံသားတွေလည်းနိုင်ငံတကာမှာသိမ်ငယ်
ခဲ့ရတယ်။အနှိမ်ခံခဲ့ရတယ်။သူတို့ က ရှက်ကြောဖြတ်ထားတယ်ဆိုတော့ဘယ်သိပါ့မလဲ။

ဂျပန်ပြည်မှမြန်မာတစ်ဦး

Anonymous
2012-02-17 17:38

This point is too early.Please slowly..slow and steady wins the race.

Anonymous
2012-02-20 00:24

Good