နိုင်ငံရေးမလုပ်ဘူးလို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် သတင်းစာရှင်းလင်းပွဲမှာပြော

2013-11-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့၊ ကန်တော်ကြီး ကရ၀ိတ်ခန်းမမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ကပြုလုပ်တဲ့  နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် နဲ့ အင်တာဗျူးဆိုတဲ့ စာအုပ်ထုတ်ဝေတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဦးခင်ညွန့်ကို မြင်ရစဉ်
ရန်ကုန်မြို့၊ ကန်တော်ကြီး ကရ၀ိတ်ခန်းမမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ကပြုလုပ်တဲ့ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် နဲ့ အင်တာဗျူးဆိုတဲ့ စာအုပ်ထုတ်ဝေတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဦးခင်ညွန့်ကို မြင်ရစဉ်
photo: RFA/ Nya Myo Htun

ယခင်စစ်အစိုးရလက်ထက်က ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ ၀န်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က နိုင်ငံရေးလုံးဝလုပ်မှာ မဟုတ်ဘူးလို့ ဒီနေ့မှာ ကတိပေးပြောကြားလိုက်ပါတယ်။

လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဦးခင်ညွန့်အကြောင်း တွေ့ဆုံမေးမြန်းထားချက်တွေကို စုစည်းပြီး Quality Publising House က စာအုပ်အဖြစ်ထုတ်ဝေလိုက်တဲ့အတွက် ကန်တော်ကြီး ကရ၀ိတ်ခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကတိပေးပြောကြားခဲ့တာပါ။

လူငယ်တွေ ဦးစီးလုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် နိုင်ငံရေးလုပ်ဆောင်တော့မှာ မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောပါတယ်။

“နိုင်ငံရေးထွက်လုပ်တောမယ်လို့ သတင်းဌာနတချို့က ကျနော့်ကိုရေးနေကြတယ်၊ ကျနော်က အသက်အရွယ်လည်းရလာပြီ၊ နိုင်ငံရေး လုပ်ရမယ့် အခြေအနေမျိုး၊ အချိန်အခါမျိုး ကျနော်တို့အရွယ် မဟုတ်တော့ပါဘူး၊ ကျွမ်းကျင်တဲ့လူငယ်တွေ၊ ပညာတတ်တွေ အများကြီးရှိတယ်၊ သူတို့ကနေ တိုင်းပြည်အတွက် ဆောင်ရွက်သွားကြမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်၊ ဒါကြောင့်မို့လို့ ဒီနေရာကနေပြီးတော့မှ နိုင်ငံရေး ဘယ်တော့မှ မလုပ်ပါဘူးဆိုတာ ကျနော်အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်”

ယခင်စစ်အစိုးရနဲ့ ပတ်သက်တဲ့ ဝေဖန်ပြောဆိုနေမှုတွေနဲ့ ပတ်သက်ပြီး ဦးခင်ညွန့်က ဒီကိစ္စတွေဟာ အစိုးရအဖွဲ့အားလုံးမှာ တာဝန်ရှိတဲ့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန်စွပ်စွဲပြောဆိုဖို့ မသင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Quality Publising House က ထုတ်ဝေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း၊ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နဲ့ အင်တာဗျူးဆိုတဲ့ စာအုပ်တစ်အုပ်ကို ငွေကျပ် ၃၀၀၀ ကျပ်နဲ့ ဖြန့်ချိရောင်းချမှာ ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မရတနာဦး စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (10)
Share

BO BO

နေရပ်- mandalay

လူတွေအများကြီးသတ်ခဲ့တယ်။အပြစ်မရှိတဲ့သူတွေကိုထောင်ထဲအတင်းဆွဲထည့်။ ရိုက်နှက်ပြီးနှိပ်စက်။သေသွားရင်ရေဝေးမှာမီးရှို့ပစ်။မိသားစုခမျှာ အလောင်းတောင်မမြင်လိုက်ရဘူး။ ဒီလိုပုံစံနဲ့သေသွားသူတွေအများကြီး။ ဗိုလ်ခင်ညွန့်နောင်ဘဝကျရင်ပြန်ခံရမှာပါ။

Dec 03, 2013 11:07 AM

ဘောကြီး

နေရပ်- ရန်ကုန်မြို့တော်

GTC ကျောင်းတွေကိုတစ်နိုင်ငံလုံး ပွထနေအောင်လျှောက်ဖွင့်။ သင်ကြားမှုအထောက်အကူပစ္စည်းတွေမရှိတော့ ဘွဲ့သာရသွားတယ်။ ဘာမှသုံးမရပါ

Dec 03, 2013 11:05 AM

ဘောကြီး

နေရပ်- နေပြည်တော်

ဗိုလ်ခင်ညွန့်ဟာငါတို့ရဲ့ စက်မှုတက္ကသိုလ်ကျောင်းတော်ကြီးကိုမြောင်းထဲရောက် သွားအောင်လုပ်ခဲ့တာပါ။ ပညာတတ်တွေအားလုံးကိုလည်း တန်ဖိုးမရှိအောင်သူဘဲလုပ်ခဲ့တာ။ စစ်တပ်ကိုဆရာကြီးလုပ်ခိုင်းပြီး ပညာတတ်တွေကို ဟိုးအောက်ဆုံးထိရောက်အောင်တွန်းချပြီး သတ်ပစ်လိုက်တာ။

Dec 03, 2013 11:04 AM

Richard

နေရပ်- US

Ne win, Than Shwe and their cronies have completely destroyed the country natural resources, the life of burmese people , the culture and the Burmese people’s morale for six decades. You are one of their wicked masterminds.
Your interview book are not worth than the papers the trash.

Dec 03, 2013 06:53 AM

Phoe Kwar

Dear Readers,
Yes, he no longer needs to get involved in politics because he has already stolen enough wealth of the country. Because of him, many people died in the hands of his MIS, or could not walk out of the prison doors. He is one of the most wicked oppressors in Burma. Because of him, many families have become broken ones. It is worthless when the wolf show the remorse. When the wicked smile, the whole world is in fear.

Dec 02, 2013 04:12 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့