ပြည်ပရောက်သူတွေ ပြန်လာရေး ဒေါက်တာ နေဇင်လတ် ပြောဆို

နိုင်ငံရေး လှုပ်ရှားမှုကြောင့် ပြည်ပကို ထွက်ခွာသွားသူ အားလုံးကို တစုံတရာ အရေးယူမှု မပြုဘဲ ပြန်လာခွင့်ပြုမှာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်က RFA ကို သြဂုတ်လ ၂၄ ရက်နေ့က ပြောဆိုလိုက် ပါတယ်။

2011.08.25

သမ္မတ ဦးသိန်းစိန် မကြာခင်က နေပြည်တော်မှာ ပြောကြားခဲ့သလို ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာကြဖို့ ဖိတ်ခေါ်ခဲ့မှုနဲ့ ပတ်သက်လို့ မကြာခင် အသေးစိတ် ထုတ်ပြန်ဖို့ အစိုးရက စီစဉ် ဆောင်ရွက်နေကြောင်း၊ ရာဇဝတ်ပြစ်မှု ကျူးလွန်ခဲ့သူများကလွဲလို့ ပြည်ပကို ထွက်ခွာသွားသူ အားလုံးကို တစုံတရာ အရေးယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အစိုးရ ဝင်ရောက် စွက်ဖက်မှု မရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း တရပ်ကို အခု ရက်ပိုင်း အတွင်း တရားဝင် ထူထောင် ဖွဲ့စည်းဖို့ အစီအစဉ် ရှိကြောင်း ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။

အဲဒီ လူ့အခွင့်အရေး ကာကွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ကို အများက ကြည်ညို လေးစားရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းသွားမှာ ဖြစ်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လွတ် လပ်လပ် စုံစမ်း ဖော်ထုတ်မယ်လို့ သူက ပြောပါတယ်။

ဒီအကြောင်း ဆက်သွယ် မေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင် ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-25 12:44

Wait until the Official/Legal/Trusted Announcement comes out. People had been fooled/Bluffed/Lied for too long. Hence Govt Lost Credibility Totally.

Anonymous
2011-08-25 23:06

i like this