တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ကို Facebook ပိတ်ပင်


2019.02.05
enthnic-groups-flags-622 KIA၊ TNLA၊ MNDAA၊ AA လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အမှတ်တံဆိပ်များ။
Photo: RFA

AA ရက္ခိုင့်တပ်မတော်၊ MNDAA မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ KIA ကချင် လွတ်မြောက်ရေးတပ်မတော်နဲ့၊ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် တို့ရဲ့ စာမျက်နှာတွေကို  facebook ကုမ္ပဏီက ဒီနေ့ဖယ်ရှားလိုက်ပါတယ်။

ဒီအဖွဲ့တွေဟာ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေပြီး အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိသူတွေ ဖြစ်တယ်ဆိုတဲ့ အထောက်ထားတွေ တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဒေသတွေက အကြမ်းဖက်မှုပြဿနာတွေရဲ့ အရင်းအမြစ်ဟာ ရှုတ်ထွေးပြီး၊ Facebook လို ဆိုရှယ်မီဒီယာ ကုမ္ပဏီအနေနဲ့ မဖြေရှင်းနိုင်ကြောင်း၊ ဒါပေမဲ့ လှုံ့ဆော်တာတွေ အမုန်းတရား ဖြန့်ဝေတာတွေကိုတော့ အတတ်နိုင်ဆုံး ကန့်သတ်သွားမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုပိတ်ပင်လိုက်တဲ့အဖွဲ့ ၄ ဖွဲ့လုံးဟာ အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။