အချက် ၉ ချက်ပါ ကြေညာချက် UNA ထုတ်ပြန်


2014-12-24
Share
una-conference-305.jpg ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ရဲ့ ပထမအကြိမ် ညီလာခံကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပစဉ်
Photo: RFA

တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမ ခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ဖို့ အတွက် ပြည်ထောင်စု ညီလာခံတစ်ရပ် လိုအပ်ကြောင်းနဲ့ အဲ့ဒီအတွက် အကြိုနိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဆောင် သွားမယ်လို့ UNA ခေါ် စည်းလုံး ညီညွတ်သော တိုင်းရင်း သားလူမျိုးများ မဟာမိတ် အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ၃ ရက်ကြာဆွေးနွေးခဲ့တဲ့ UNA ညီလာခံကနေ အချက် ၉ ချက်ပါ ကြေငြာချက်ကို ထုတ်ပြန်လိုက်တာပါ။

အခြေခံဥပဒေပြင်ဆင်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒ ရယ်ပြည်ထောင်စု စနစ် ပေါ်ပေါက်ရေးအတွက် ဒီနိုင် ငံရေး ဆွေးနွေးပွဲတစ်ရပ် ပေါ်ပေါက်လာဖို့ အဓိကတောင်း ဆိုတာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် အတွင်းရေးမှူး ဦးစိုင်းလိတ်ကပြောပါတယ်။

"တောင်းဆိုတာကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ ကိုမလွဲမသေလုပ်ရမယ် အဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲ ကနေရရှိလာတဲ့ အကြိုရလဒ်များပေါ် အခြေခံပြီးတော့ မှ နောင်လာမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ရေးဆွဲသွားဖို့ အဲ့ဒါအဓိကထားတောင်း ဆိုထားပါတယ်"

ကြေညာချက်ထဲမှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရသာ ဖြေရှင်းသွားဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲဖို့ကိုလည်း တောင်းဆိုထားပါတယ်။

UNA ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ စတဲ့ပါတီ ၈ ပါတီနဲ့ဖွဲ့စည်းထားတာပါ။ ညီလာခံကိုတော့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်း စုစုပေါင်း ၂၅ ဖွဲ့ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့