မြန်မာစစ်ကောင်စီရဲ့ကိုယ်စားလှယ်ခန့်အပ်လွှာကို FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ပယ်ချ

2021.06.18
မြန်မာစစ်ကောင်စီရဲ့ကိုယ်စားလှယ်ခန့်အပ်လွှာကို FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ပယ်ချ FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အဖွဲ့ဝင်နိုင်ငံ အလံများ။
Photo: FAO

ဇွန်လ ၁၅ ရက်နေ့ကျင်းပတဲ့ FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ Credentials Committee ကိုယ်စားလှယ်ခန့်အပ်လွှာစစ်ဆေးရေး ကော်မတီက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီက တင်ပြလာတဲ့ ကိုယ်စားလှယ်အဖွဲ့ ခန့်အပ်လွှာကို ပယ်ချလိုက်ပြီး မြန်မာပြည်ကိုယ်စားပြုတဲ့ မည်သည့်ကိုယ်စားလှယ်ကိုမျှ အသိအမှတ်မပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အခုလို ဆုံးဖြတ်ချက်ချဖို့အတွက် FAO စစ်ဆေးရေးကော်မတီ အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ တခြား ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်ကြတဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ILO နိုင်ငံတကာအလုပ်သမားအဖွဲ့တို့ရဲ့ ဆုံးဖြတ်ချက်တွေကို သတိပြုလေ့လာခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ သူတို့ကော်မတီကို ဇွန်လ ၁၄ ရက်နေ့အထိ ကိုယ်စားလှယ်ခန့်အပ်ဖို့ တင်ပြလာတဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၆၈ နိုင်ငံစာရင်းထဲမှာ ပါဝင်တဲ့ တခြားနိုင်ငံတွေကိုတော့ လက်ခံအသိအမှတ်ပြုလိုက်ကြောင်းလည်း FAO ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို အသိအမှတ်ပြု လက်ခံခြင်းမပြုဖို့ WHO နဲ့ ILO တို့က ဆုံးဖြတ်ခဲ့ပြီး ဖြစ်တဲ့အတွက် ဒါဟာ အာဏာသိမ်းစစ်ကောင်စီကို ကုလအဖွဲ့တခုရဲ့ နောက်ဆုံး ငြင်းပယ်မှုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။