အသုံးမပြုတဲ့ အသိမ်းခံလယ်မြေတွေ ပိုင်ရှင်ပြန်ပေးဖို့ တင်ပြမည်


2013.09.16

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လှာကာကျေးရွာအုပ်စုမှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် ဘိလပ်မြေစက်ရုံ စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက စီမံကိန်းအတွက် အသုံးမပြုတဲ့ လယ်ယာမြေတွေကို ဒေသခံတွေကိုပြန်ပေးို့ လာမယ့်လွှတ်တော် အစည်းအေးမှာ တင်ပြသွားမယ်လို့ ဘားအံြမို့နယ် ပြည်ူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေးအွာက RFA ကို ပြောပါတယ်။

လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် ဒေသခံတွေဟာ ြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က လှာကာကျေးရွာအုပ်စုမှာ ဆွေးနွေးခဲ့ကြြပီး ဘားအံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာကို တင်ပြခဲ့တာလို့ သိရပါတယ်။

ဒေသခံတွေရဲ့ တင်ပြချက်တွေကို လွှတ်တော်မှာ ဆက်လက်တင်ပြသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာက အခုလိုပြောပါတယ်။

၂ဝဝ ခုနှစ်မှာ တန်လေးထောင် ဘိလပ်မြေစက်ရုံကို တည်ခဲ့တာပေါ့နော်၊ အဲဒါနဲ့ လယ်သမားတွေ ကန့်ကွက်ကြတဲ့အခါ သူတို့ကိုပြောသွားတာကတော့ အမှန်တော့ ဒါတွေကအကုန်လုံးသိမ်းထားပြီးပြီလို့ပြောတယ်၊ ဒါပေမယ့် အဲဒီထဲမှာတချို့က လုံးဝမသိမ်းရတဲ့မြေတွေလည်းရှိပါတယ်၊ အဲဒီလယ်တွေကိုလည်း လယ်သမားတွေက သိမ်းထားလား၊ မသိမ်းထားလား မသိဘူးပေါ့နော်၊ သွားကြည့်တဲ့အခါကျတော့ အဲဒီနေရာမှာ ဆိုင်ခန်းတွေရှိနေတယ်၊ အဲဒါကို ကျမလွှတ်တော်ကို ပြန်ပြီးတော့တင်ပေးရမှာပေါ့နော်”

လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်က ဘားအံြို့နယ် လှာကာကျေးရွာက လယ်ယာမြေဧကပေါင်း ၅ဝဝ လောက်ကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလိမိတက်က သိမ်းယူခဲ့ြီး တစ်နေ့ကို တန် ၉ဝဝ နဲ့ တန် ၄ဝဝဝ ထုတ်လုပ်နိုင်တဲ့ ဘိလပ်မြေစက်ရုံနှစ်ရုံ တည်ဆောက်ခဲ့တယ်ို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။