သိမ်းပိုက်မြေ ပြန်ရရေး တိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေး

2014-12-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်နဲ့ ကန်ကြီးထောင့်မြို့ နယ်တွေမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက တစ်ထောင်ကျော် ပြန်လည်ရရှိရေးအတွက် ဖြေ ရှင်းဆောင်ရွက်ပေးဖို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးသိန်းအောင်ကို  လယ်သမား ၁၁ ဦးက ပုသိမ်မြို့ တိုင်းဒေသကြီးအစိုးရရုံးမှာ ဒီကနေ့ တွေ့ဆုံတင်ပြခဲ့ ပါတယ်။

ဝန်ကြီးချုပ်က တစ်ပတ်အတွင်း ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့ကြောင်း တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ ပုသိမ်မြို့နယ်က တောင်သူ မမိုးစန္ဒာက ပြောပါတယ်။

"မူလလက်ငုတ်လက်ရင်း လုပ်ကိုင်ခဲ့တဲ့ ဒေသ ခံတောင်သူများကို လယ်ယာမြေဥပဒေ လုပ်ထုံး လုပ်နည်းများနဲ့အညီ ပြန်လည်လျှောက်ထားခွင့် ကို ပြုလုပ်ရန်၊ စာရွက်စာတမ်း အထောက်အထားနဲ့ မြေပြင်တွင်ဖြစ်ပေါ်နေသည့် လယ်နီးခြင်းအများစု ရဲ့ ထောက်ခံချက် အခြေအနေများကို အမှီသဟဲပြုပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်များပြုရန်၊ တည်ဆဲလယ် ယာမြေဥပဒေများကို ချိုးဖောက်နေသည့် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိထားသူများကို တည်ဆဲဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ရန်နှင့် နောက်ဆက်တွဲဖြစ်ပေါ်နေသည့် အခြေအနေများကို ကုစားဆောင်ရွက်မှု ချက်ချင်းပြုလုပ်ပေးရန် ကော်မတီ ၁၁ ဦးဖွဲ့ပြီးတော့ အဲ့လိုမျိုးတောင်းဆိုတယ်"

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ လယ်သမား ၅ ထောင်ကျော် မနေ့က ပုသိမ်မြို့မှာ တွေ့ဆုံတဲ့ပွဲကို ပုသိမ်နဲ့ ကန်ကြီးထောင့်မြို့နယ်က လယ်သမားတွေ တက်ရောက်ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

အဲဒီအခမ်းအနားကို တက်ရောက်ခွင့်မရခဲ့တဲ့ ပုသိမ်နဲ့ ကန်ကြီးထောင့်မြို့နယ်က လယ်သမား ၅ဝ လောက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှာ မနေ့ည ၈နာရီကျော်အထိ စောင့်ဆိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီလိုစောင့်ဆိုင်းခဲ့ကြတဲ့ လယ်သမားတွေအနက်က ကိုယ်စားလှယ် ၁၁ ဦးကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒီကနေ့ ခေါ်ယူတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့