လယ်သမားများအခက်အခဲ သမ္မတ ဦးသိန်းစိန်ထံ ၁၀ ပါတီ အကြံပြု

မြန်မာနိုင်ငံ တဝှမ်းက တောင်သူလယ်သမားတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေ အပေါ် သုံးသပ် အကြံပြုချက် စာတစ်စောင်ကို ဒီမိုကရေစီ ၁၀ ပါတီ က စုပေါင်းရေးသားပြီး သမ္မတ ဦးသိန်းစိန် ထံကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။

2012.04.07
farmers_planting_rice_305px.jpg ရေသွင်း လယ်ကွင်းတခုတွင် ပျိုးပင်များ စိုက်နေသော လယ်သူမများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အဲဒီစာမှာ ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ်က တောင်သူလယ်သမားတွေရဲ့ ပြဿနာတွေကို ဥပမာပေးပြီး စပါး၊ ပဲ စတဲ့သီးနှံ ဈေးနှုန်းကျဆင်းတဲ့အတွက် စိုက်ပျိုးစရိတ်ချေးငွေ၊ ဓါတ်မြေသြဇာနဲ့ပိုးသတ်ဆေး၊ ထွန်စက်ငှားရမ်း အသုံးပြုမှု စတဲ့ကိစ္စတွေမှာ အခက်အခဲတွေ ရှိနေပုံကို ဖေါ်ပြထားပါတယ်။

အစိုးရအနေနဲ့ တောင်သူလယ်သမားတွေကို ပံ့ပိုးကူညီပေးနိုင်မယ့် အချက် ၅ ချက် အနက် စိုက်ပျိုးစရိတ် ပမာဏနဲ့ ထုတ်ပေးတဲ့ အချိန် နဲ့ပတ်သက်ပြီး NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ပြောပြရာမှာ-

စိုက်ပျိုးစရိတ်ကို လွှတ်တော်မှာတင်ပြခဲ့တဲ့အတွက် တစ်ဧကကို ၂ သောင်းကနေ ၄ သောင်းအထိ တိုးပေးခဲ့ကြောင်း၊ ဒါပေမဲ့ လုံလောက်မှု မရှိသေးကြောင်း၊ ထုတ်ပေးတဲ့အချိန်က နောက်ကျတဲ့အတွက် တခြားနေရာကနေ ချေးငှားရတဲ့ပြီး အတိုးနဲ့ ပြန်ဆပ်ရကြောင်း၊ အဲဒီနောက် အစိုးရထုတ်ပေးတဲ့ စိုက်စရိတ်ချေးငွေကို ထပ်ဆပ်ရတဲ့အတွက် လယ်သမားတွေ များစွာ ထိခိုက်နစ်နာရကြောင်း ပြောပါတယ်။

စပါးဈေးကိုလည်း လယ်သမားလက်ထဲ စပါးရှိတဲ့ အချိန်မှာ ဈေးနှုန်း မတိုးမြှင့်ဘဲ စပါးမရှိတဲ့ အချိန်မှ ဈေးနှုန်းတိုးမြှင့် သတ်မှတ်တဲ့အတွက် လယ်သမားတွေ နစ်နာဆုံးရှုံးရတယ်လို့ ပြောပါတယ်။ ပဲဈေး သတ်မှတ်တဲ့ ကိစ္စ၊ စုဆောင်းငွေကိစ္စတွေကို အကြံပြုထားတယ်လို့သိရပါတယ်။

မြေသြဇာ ဈေးနှုံးကြီးမြင့်လွန်နေတဲ့ အတွက် နည်းလမ်းရှာပြီး သက်သက်သာသာနဲ့ ရောင်းချနိုင်ရန် စီစဉ်ပေးဖို့၊ အမတော်ကြေး ၆ ထောင် စုဆောင်းငွေအဖြစ် ကာလရှည်ကြာ ဖြတ်ထားတာရှိပေမဲ့ အသုံးမပြုဘဲ ထားတဲ့အတွက် ငွေ သန်းပေါင်းများစွာ ရှိနေတာကို လယ်သမားများ အခက်အခဲ ဖြစ်နေတဲ့ အခုလို အချိန်မျိုးမှာ ထုတ်ချေးဖို့ စသဖြင့် အကြံပြုထားကြောင်း ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးဆင်းတဲ့ ကာလအတွင်း တောင်သူလယ်သမားတွေ တင်ပြကြတဲ့ အခက်အခဲတွေကို စုစည်းပြီး သမ္မတထံကို စာရေးသားပေးပို့ခဲ့တာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-07 17:04

Mr.President, it support to for our farmers, they are important for our country. If they rich, our country can be rich, because our country is economy is basic on agriculature. Pls help them as soon as possible. We will be appreciate that. Thank you.