လယ်ယာမြေ ဥပဒေမူကြမ်း ပဲခူးနဲ့မကွေးတိုင်းလယ်သမားတွေ ကန့်ကွက်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး တင်သွင်းတဲ့ “၂ဝ၁၁ ခုနှစ် လယ်ယာ မြေဥပဒေ (မူကြမ်း)” နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ် ပြင်ဆင်ပြဋ္ဌာန်းပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုစာကို ပဲခူးတိုင်းအနောက်ခြမ်းနဲ့  မကွေးတိုင်းက လယ်သမား တွေ စုပေါင်းပါဝင် လက်မှတ်ရေးထိုးပြီး သမ္မတထံ မနေ့က ပေးပို့လိုက်တယ်လို့ သိရပါတယ်။
2011-12-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
စပါးခင်းတစ်ခုတွင် စိုက်ပျိုးနေသော လယ်သမားများ ကို တွေ့ရပုံ။
စပါးခင်းတစ်ခုတွင် စိုက်ပျိုးနေသော လယ်သမားများ ကို တွေ့ရပုံ။
Photo: RFA
အဲဒီ ဥပဒေမူကြမ်းမှာ “နိုင်ငံတော်”၊ “တောင်သူလယ်သမား” ဆိုတဲ့ စကားရပ် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ ဖွဲ့စည်းပုံတွေဟာ တောင်သူလယ်သမားတွေ ထိခိုက်နစ်နာစရာ ဖြစ်နေတဲ့အပြင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၂၃ နဲ့ ပုဒ်မ ၂၉ မှာပါတဲ့ အချက်များနဲ့လည်း မကိုက်ညီဘူးလို့ တောင်သူလယ်သမား အရေးကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ကိုမင်းမင်းက ပြောပါတယ်။

လယ်ယာမြေ ဥပဒေမူကြမ်းကို ကန့်ကွက်ရာမှာ ပဲခူးတိုင်း အနောက်ခြမ်းနဲ့ မကွေးတိုင်းက တောင်သူလယ်သမား မိသားစု ၃၃၁၁ ဦး ပါဝင် လက်မှတ်ရေးထိုးတယ်လို့ သိရပါတယ်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့