အဓမ္မပြုကျင့်သူ အငှားယာဉ်မောင်းကို သေဒဏ်ပေးဖို့ တောင်းဆို

2018-02-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
FDA ဒုတိယဦးစီးမှူး မရွှေရည်ဝင်း အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနဲ့ ဖမ်းဆီးထားတဲ့ အငှားယာဉ်​​မောင်း မျိုးဇော်ဦး ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်စဉ်
FDA ဒုတိယဦးစီးမှူး မရွှေရည်ဝင်း အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနဲ့ ဖမ်းဆီးထားတဲ့ အငှားယာဉ်​​မောင်း မျိုးဇော်ဦး ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်စဉ်
Photo: Thant Zin Oo/RFA

အစား၊ အသောက်နဲ့ ဆေးဝါးကြီးကြပ်မှုကွပ်ကဲရေးဌာန FDA က ဒုတိယဦးစီးမှူး မရွှေရည်ဝင်း အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ အငှားယာဉ်​​မောင်း မျိုးဇော်ဦး ကို သေဒဏ်ပေးဖို့ အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ တောင်းဆိုကြပါတယ်။

မြန်​မာအမျိုးသမီးများ ​စောင့်​​ရှောက်​​ရေးအဖွဲ့ဝင် မနှင်းရည်အေးက တရားဥပဒေပီပီပြင်ပြင် တကယ်ဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး အမိန့်ချပြီးရင်လည်း လွှတ်ငြိမ်းချမ်းသာခွင့်ထဲ မပါလာစေချင်ဘူးလို့ ပြောပါတယ်။

"တရားဥပဒေ ပီပီပြင်ပြင်ရှိလာမလားဆိုတာကို စောင့်ကြည့်၇မှာပေါ့၊ စွဲချက်ကတော့တင်မှာပဲလေ၊ ပြစ်ဒဏ် ကတော့ချမှာပဲ၊ ဒီတရားရုံးကနေ သေဒဏ်အထိချလို့ရတယ်လေ၊ သေဒဏ်မပေးဘူးဆိုရင် ဥပမာ နှစ် ၆၀ ချမယ်၊ နှစ် ၆၀ မှာ ဘာနဲ့မှ လွတ်ခွင့်မရှိဆိုတာ အဲလိုဖြစ်စေချင်တာဗျာ"

အငှားယာဉ်မောင်း မျိုးဇော်ဦးကို မုဒိန်းမှု ပုဒ်မ ၃၇၆၊ ဓမ္မတာနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံမှု ပုဒ်မ ၃၇၇ ၊ လူသတ်မှု ပုဒ်မ ၃၀၂၊ ၊ လုယက်မှု ပုဒ်မ ၃၉၄ တို့နဲ့ ဒီနေ့ တရားရုံးက တရားစွဲဆိုလိုက်ပါတယ်။

အသတ်ခံခဲ့ရတဲ့ မရွှေရည်ဝင်းဟာ နေပြည်တော်ကနေတဆင့် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်မှာရှိတဲ့ သူရဲ့ နေအိမ်ကို ပြန်ရောက်လာခဲ့ပြီးနောက် ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းမှာ အလုပ်ကိစ္စနဲ့ နေအိမ်ကနေ ပြန်ထွက်သွားခဲ့ပြီး ညပိုင်းမှာ အဆက်သွယ်ပြတ်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ည ၁၁ နာရီကျော်တဲ့အထိ နေအိမ်ပြန်မရောက်ခဲ့တဲ့အတွက် မိသားစုက ဒဂုံမြို့မရဲစခန်းမှာ လူပျောက်အမှုဖွင့်တိုင်ကြားခဲ့ပြီး နောက်တစ်နေ့ မနက် ဇန်နဝါရီ ၂၁ ရက်မှာ မုဒိန်းကျင့် အသတ်ခံထားရတဲ့ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့